Fortunetelling သမတဇာတာမပါတဲ့အမျိုး

ကျွန်တော် နိုင်ငံရေးလုပ်ရင်း ပြည်ပကိုထွက်ပြေးခဲ့လို့ ကိုယ်မွေးခဲ့တဲ့တိုင်းပြည်မှာ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ ဆယ်နှစ်ဝင်ခွင့်မရှိပါ။ စောစောပြန်လာရင်လည်း သားသမီးတွေက တခြားတိုင်းပြည်မှာနေကြရလို့ ဖွဲ့စည်းပုံအရ သမတ၊ ဒုသမတဖြစ်ခွင့်မရှိပါ။ အခုနေရတဲ့ အမေရိကားမှာတော့ သမတနဲ့ ဒုသမတကလွဲရင် ဘယ်နိုင်ငံရေးရာထူးမဆို ဝင်ပြိုင်ချင် ပြိုင်ခွင့်ရှိလာနိုင်ပါတယ်။

ကနေ့မနက်မှာ နေထိုင်ရာ အင်ဒီယာနာပလစ်မြို့ကနေ မြောက်ဖက်တည့်တည့်မှာရှိရှိတဲ့ (ဆော့သ် ဘင်းဒ်) မြို့ ကိုသွားပြီး၊ တရားရုံးတခုမှာ သားတယောက်က (စီတီဇင်) အဖြစ် ကျမ်းသစ္စာဆိုရပါတယ်။ ကနေ့ကစပြီး ကျွန်တော့်အမျိုးမှန်သမျှ မြန်မာပြည်မှာ သမတနဲ့ ဒုသမတ ဖြစ်ခွင့်မရှိကြတော့ပါ။

ကျွန်တော်လုပ်ခဲ့တဲ့နိုင်ငံရေးကြောင့် ကျွန်တော့်အခွင့်အရေးနဲ့ ကျွန်တော့်သားသမီးတွေ အခွင့်အရေးသာမက ကျွန်တော့် အမျိုးမှန်သမျှရဲ့ အခွင့်အရေးတွေကိုပါ ပိတ်ပင်တားမြစ်ခြင်းခံရပါတော့တယ်။ ဆောရီးပဲ အမျိုးတို့ရေ့

၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲဆိုတာ အဲတာပါပဲဗျာ။ ၂ဝဝ၈ ဖွဲ့စည်းပုံဆိုတာလည်း အဲတာပါပဲဗျာ။

လူ့အခွင့်အရေးဆိုတာတွေထဲမှာ အဲတာပါပုံမရပါ။ ကျွန်တော်တို့အခွင့်အရေး အော်ပေးစရာတော့မလိုပါ။ ကိုယ့်ထက် ဆိုးတဲ့သူတွေအတွက်သာ လုံးပမ်းပေးကြပါ။

ဒေါက်တာတင့်ဆွေ
၁၅-၇-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး