Mushrooms မှိုအရသာ
မှိုအရသာကို ကမ္ဘာမြေရဲ့အရသာလို့ တင်စားပါတယ်။ အဲလိုစာချိုးသူက မှိုအရသာဟာ ပဉ္စမအရသာလို့ခေါ်သေးတယ်။ သူများဆီမှာ အရသာက ချို-ချဉ်-ငန်-ခါး ၄ ပါးသာရှိတယ်။ အဆန်းပြောသူတွေက ဆဌမအရသာအဖြစ် အဆီအရသာကို ထပ်ထည့်ပါတယ်။
Savouriness (Umami) ဆိုတာ ဟင်းချိုမှုံ့အရသာကို ပြောတာပါ။ နောက်ပိုင်းတော့ အသားမှုံတွေလည်းပါလာတယ်။ Spiciness စပ်တာကိုတော့ အရသာလို့မသတ်မှတ်ဘဲ အပူတုလို့ခေါ်တယ်။ Astringency ဆိုတာ အသီးစိမ်းအရသာကို ပြောတာပါ။
စားလို့ရတဲ့ မှိုအမျိုးအစားပေါင်း ၂ဝဝဝ ကျော်ရှိတယ်။ မှိုက ကယ်လိုရီနည်းတယ်။ ဝတဲ့သူတွေ များများစားနိုင်တယ်။ ဗီတာမင်ဘီတွေနဲ့ ပိုတက်ဆီယမ်၊ ဆယ်နင်နီယမ်၊ ကောပါး၊ ဓါတ်ဆားတွေပါတယ်။ ဗီတာမင်ဒီလည်းပါတယ်။
မှိုအရသာကို ခပ်လွယ်လွယ်ပြောရင် ချိုတယ်။ မျှစ်ကိုလည်း ချိုတယ်ပဲပြောကြတယ်။ မှိုချိုတာနဲ့ မျှစ်ချိုတာက တခြား စားစရာတွေချိုတာနဲ့ မတူပါ။ မှိုချိုမျှစ်ချိုလို့ တွဲသုံးချင်လာတယ်။ မှိုချိုးမျှစ်ချိုးကတော့ ဆိုးလှတယ်။ မှိုအရသာက သတ္တမနေရာဖြစ်လာပေမယ့် အကောင်းဆုံးလို့ထင်ပါတယ်။ အကောင်းဆုံးထဲမှာ မြန်မာပြည်ကမှိုအရသာ။
ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၆
ဓါတ်ပုံ = San Mya Mya Aye

Comments
Post a Comment