Wealth is made out of Health ကျန်းမာရေးနဲ့ ချမ်းသာရေး

ဆရာရှင့် ကျွန်မ၏မိခင်သည် အသက် ၅၆ နှစ်ရှိပါပြီ။ အစာများများစားပြီးသည့်အခါများတွင် ရင်ခေါင်းတောင့်သည်မှလွဲ၍ ထူးထူးခြားခြားခံစားမှုမရှိပါ။ သူမ၏မိခင်ကျွန်မအဖွားက အစာအိမ်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သဖြင့် မျိုးရိုးလိုက်တတ်သည်ဟု ကြားဖူးသောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုတဦးနှင့်ပြသပါသည်။ ကျွန်မသိလိုသည်မှာ ultrasound ရိုက်ရုံဖြင့် checkup လုပ်လို့မရနိုင်ပါဘူးလားရှင့်။ ယခု အစာအိမ်ထဲ မှန်ပြောင်းကြည့်ခြင်း၊ အသားစကို biopsy တင်ခြင်းအထိ တခါတည်းပြုလုပ်ပါသည်။ ငွေကျပ်တစ်သိန်းသုံးသောင်းခန့် ကုန်ကျပါသည်။ bill ကြည့်ရာတွင် biopsy တန်ဖိုး scopy fee များမှာ ၉ဝဝဝ နှင့်အထက်ဝန်းကျင်တွင်သာရှိပြီး OPD fee, Service fee, doctor fee, endo room service fee စသဖြင့်များလှပါသည်။ မြန်မာနိုင်ငံ၌ ငွေကြေးမတတ်နိုင်လျှင် သေဖို့သာရှိမည်ထင်ပါသည်။ OPD ကြေးကင်း လွတ်သည့် အစိုးရဆေးရုံများတွင် လူနာအင်အားနှင့် သမားတော်အင်အားမမျှသဖြင့် ထင်သလောက် ခရီးမပေါက်ပါ။ လုံလောက်သော treatment ကိုမပေးနိုင်ပါ။ ကျွန်မ စာရှည်သွားပါပြီရှင့်။

ကုန်ကျစရိတ်တွေ များလာနေတဲ့ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ပါတယ်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး အပြောင်းအလဲလမ်းမှာ ခက်ခဲကြမ်းတမ်းသော ကျန်းမာရေးမှသည် လွယ်ကူကြမ်းတမ်းသော ကျန်းမာရေးဆီသို့ ချီတက်နေပါပြီလို့ရေးခဲ့ပါတယ်။ နိုင်ငံပေါင်း (၁၉ဝ) မှာ မြန်မာနိုင်ငံသည် နံပါတ်စဉ် (၁၉ဝ) မှာရှိလို့ ကျန်းမာရေးစနစ်ကောင်းဘို့ မဲပေးစို့လို့လည်း မဲဆွယ်ခဲ့ပါသေးတယ်။

အခုအစိုးရသစ်တက်လာပေမယ့် အဲလို ကတုတ်ကျင်းထဲအထိနိမ့်ကျတဲ့အဆင့်ကနေ တက်လာဘို့ မျှော်လင့်ချက်က အားမကောင်းလှပါ။ ၁၉၈၇ ကတည်းကဖြစ်ခဲ့တဲ့ LDC အဆင့်ကနေ တက်နိုင်မှသာ ကျန်းမာရေးလည်းတက်စရာရှိပါတယ်။
ဈေးကွက်စီးပွါးရေးစနစ်မှာ အရာရာစီးပွါးရေးပါပဲ။ (မဆလ) ပါတီ နောက်ဆုံးညီလာခံကတည်းကနေ ဈေးကွက်စီးပွါးရေးကို ပြောင်းခဲ့တာပါ။ စီးပွားရှာနည်းကိုတော့ နေ့ချင်းညချင်းပြောင်းလို့ရတယ်။ တရားဥပဒေစိုးမိုးမှု၊ အုပ်ချုပ်ရေးယန္တယား၊ လူမှုဖူလုံရေးနဲ့ ကျန်းမာရေးအာမခံစနစ်တွေက အခုလပိုင်းသာ သက်တမ်းရှိသေးတဲ့ အစိုးရတက်မှ ပြောဆိုလာနိုင်တာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ဖို့မှာ အဟန့်အတားတွေလည်း အများကြီးရှိတယ်။ အဲတော့ ခံစားနိုင်အောင်အထိရလာဖို့မှာ အချိန်ယူသင့်တာထက် ပိုယူနေတယ်။

ကျန်းမာရေးကနေ စီးပွားဖြစ်အောင်လုပ်နေကြတာ တကမ္ဘာလုံးမှာပါ။ ခေတ်ပျက်ရင်၊ စစ်မက်ဖြစ်ရင် စီးပွါးရှာလို့ ကောင်းတာမျိုးမှာ ကျန်းမာရေးတော့ မပါသင့်ပါ။ သူများဆီမှာရှိပါစေ၊ မြန်မာပြည်မှာမရှိသင့်ပါ။ ခေတ်မကောင်းလေလေ စီးပွါးဖြစ်လေလေလူတွေများနေတယ်။ စစ်ကလည်း အချင်းချင်း ပြည်တွင်းမှာတိုက်နေကြတဲ့စစ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၆
၂၁-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး