Homemade ဆိုင်စာမကြိုက်တဲ့ ဆရာဝန်

ကျွန်တော့်ပို့စ်တခု = Emotion icons နားမလည်တဲ့ အရုပ်တွေ

ကွန်မင့်တခု = Zaw Lin ဆရာ ချစ်လို့ ပြောတယ် မှတ်ပါ။ ဆရာ့အနေနဲ့ ဖေ့ဘုတ်သုံးတတ်တဲ့ထိ တက်နိုလိုဂျီ လေ့လာလိုက်စားပြီးခဲ့ပြီ။ ဒီထိလိုက်လာခဲ့ပြီးမှ ဒီအီမိုတိကွန်းလေးကျမှ ပြတ်ကျပြီး ကျန်မနေခဲ့ပါနဲ့ဆရာရယ်။ ခရီးတခု ထွက်သလိုပေါ့ လိုက်ခဲ့မှတော့ ပျော်အောင်လို့နေပေါ့။ တကယ်တော့ မခက်ပါဘူး။ ဆရာက မှားပြီး အဓိပ္ပါယ် ကောက်မိမှာရယ် မှားသုံးမိမှာတွေ စိုးရိမ်နေတာ။ မသုံးခင် ကြိုပြောထားပေါ့။ ငါခုမှ စသုံးတာ ခွင့်လွတ်ကြလို့။ ဆရာ ပျော်ရွှင်ပါစေ။

Dr. Tint Swe ဒါဆို မနေ့ကတင်တာတခုကို တယောက်က ဘာသာပြန်ပေးတယ်။ ဒေါသထွက်တာတဲ့။ နောက်တပုံမှာ ဝါးလို့သန်းဝေနေတာ။ အဲတာတွေကို ချစ်လို့လို့ ဘယ်လိုယူဆလို့ရမလဲ။

ကျွန်တော်က ဘန်းစကားတွေလည်း မတတ်ချင်ပါ။ သင်ပေးမယ်ပြောလာတာရှိပါတယ်။ ခေတ်နောက်ကျတယ်ဆိုလို့ စိတ်မခုပါ။ (အလန်း) ဆိုတာပေါ်စမှာ တယောက်က (အလမ်း) လို့ရေးတော့ သတ်ပုံပြင်ပေးခဲ့ရတယ်။ (မွတ်ငါး) ရခိုင်မှာ ကျသွားတာလည်း သိလိုက်တယ်။ (ကွကို) ကို (ကန်တော့ပါ) ဖါသာအာသာဖြစ်ခြင်းလို့ သဘောပေါက်တယ်။ မပြောကောင်းမဆိုကောင်း (ဆူဆိုက်) လို့ထင်စေတယ်။ ရှိသေးတယ့့်

အီမိုအိုက်ကွန်တွေအကြောင်း ဖတ်ပြီးပါပြီ။ တီထွင်သူတွေဖွင့်တဲ့ အဓိပ္ပါယ်တော့ သိပါတယ်။ ကျွန်တော့်ပို့စ်ဆိုလိုရင်းက အိမ်မှာတင် မိသားစုချက်ပြုပ်တာနဲ့ ဆိုင်ကအစားအစာ မတူကြောင်းဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ