Stem cell therapy (စတမ်ဆဲလ်) နဲ့ကုသခြင်း

Stem cell therapy (စတမ်ဆဲလ်) နဲ့ကုသခြင်း

Stem cell therapy (စတမ်ဆဲလ်) နဲ့ကုသခြင်းကို (အီးယူ) မှာ ပဌမဆုံးအနေနဲ့ ခွင့်ပြုလိုက်ပြီဆိုတဲ့သတင်း ဒီနေ့ ထွက်လာပါတယ်။ (စတမ်ဆဲလ်) ကနေ ကိုယ်ခန္ဓာက ဘယ် (တစ်ရှူး) မဆိုဖြစ်လာစေနိုင်တယ်။ Holoclar (ဟိုလိုကလာ) ကုသနည်းဆိုတာ မျက်စိကွယ်သွားနိုင်တဲ့ ရှားတဲ့မျက်စိရောဂါအတွက် ကုသနည်းဖြစ်တယ်။ ၈ဝ% နီးပါး အောင်မြင်တယ်။

Placenta Stem Cell Therapy အချင်း (စတမ် ဆဲလ်) ကိုသုံးပြီးဆေးကုခြင်းကို လွန်ခဲ့တဲ့ ၂ နှစ်ကရေးထားပါသေးတယ်။ သန္ဓေသားဖြစ်စဉ်ထဲက အရေးကြီးတာတွေထဲမှာ သန္ဓေသားအပြင် အချင်းနဲ့ ရေမြွာအိတ်ဖြစ်လာခြင်းပါတယ်။ သန္ဓေသားဟာ အရည်အပြည့်ရှိပြီး လုံခြုံတဲ့အိတ်ထဲမှာ မမွေးမချင်း (ရေမြွာအိတ် မပေါက်မချင်း) နေတယ်။ အချင်းကနေ ကလေးအတွက် အာဟာရကိုပေးတယ်။ အညစ်အကြေးကိုလဲ စွန့်ထုတ်ပေးတယ်။ ကလေးကို ကောင်းကောင်း ရင့်သန် ဖွံ့ထွားလာစေတယ်။

ဆေးသိပ္ပံတွေ့ရှိချက် အသစ်တခုကတော့ Multipotent stem cells ဆိုတာဖြစ်တယ်။ အတူမရှိဘူး။ အချင်းထဲမှာ ဖြစ်တာကို ပြောတာပါ။ အချင်း (တစ်ရှူး) ကနေ ရောဂါအတော်များများကိုကုသပေးဘို့ ဖြစ်နိုင်လာတယ်။ အကုရခက်လှတဲ့ Parkinson’s and Alzheimer’s disease, auto-immune disorders, stroke, lupus, muscular dystrophy and cerebral palsy ရောဂါတွေပါတယ်။

ဒါပေမဲ့ သင့်တော်၏၊မတော်၏ ငြင်းနေကြတယ်။ ထောက်ခံကြသူတွေက အချင်းဟာ ကလေးမွေးပြီးရင် လိုတော့တာ မဟုတ်လို့ ဒါကိုယူသုံးတာ သင့်မြတ်တယ်လို့ဆိုတယ်။ ဒီလိုယူသုံးလို့လဲ မိခင်ရော ကလေးကိုပါ ထိခိုက်စရာမရှိဘူး။ သုံးမဲ့အချင်းကို ဗိုက်ခွဲမွေးတာကနေ ယူရတာမို့ မွေးလမ်းကြောင်းက မွေးတာမျိုးလို ကူးစက်ရောဂါပိုးလဲ ဝင်စရာမရှိဘူး။

ဆရာဝန်ကနေ (စတမ် ဆဲလ်) တွေကို ဘယ်နေရာမှာထည့်ပေးမလဲ ဆုံးဖြတ်ရတယ်။ ဒီအချက်က အရေးကြီးတယ်။ နေရာရွေးပြီးရင် လူနာကို ထုံဆေးထိုးမယ်။ ဒါးရာလေးလုပ်မယ်။ ထည့်ပေးမယ်။ ပြန်ချုပ်မယ်။ နောက် ၂၄ နာရီဆိုရင် အစွမ်းပြတာ သိလာရမယ်။ တကယ်ထိရောက်ဘို့အတွက် ၆ လ တနှစ်ကြာနိုင်တယ်။ ထည့်ပေးတာကို တနေရာတည်း မကလဲ လုပ်ချင်လုပ်ပေးပါမယ်။ ထည့်ပေးလိုက်တဲ့ အချင်း (တစ်ရှူး) တွေကနေ Cell Growth Factors ခေါ်တဲ့ (ဆဲလ်) အသစ်ပွါးစေအောင်လုပ်ဘို့ စေ့ဆော်ပေးတယ်။

ဒီနည်းကို Internal Medicines, Gynecology, Dermatology, Surgery, Opthalmology, Neuropsychiatry, Urology, Otorhinolaryngology, Dentistry နဲ့ တခြား ဆေးပညာနယ်ပယ် အားလုံးမှာသုံးနိုင်တယ်။ ပြည့်စုံသေးတာ မဟုတ်တဲ့ စာရင်းထဲမှာ အချင်း (ဆဲလ်) ကိုသုံးပြီးဆေးကုပေးနိုင်တဲ့ ရောဂါ-အခြေအနေပေါင်း ၃ဝ ကျော်တယ်။ ALS, Alzheimer's, Autism, Breast Augmentation, Cerebral Palsy, Cosmetic Rejuvenation, Degenerative Disc Dis., Diabetes, Epstein Barr, Erectile Dysfunction, Facelift w/ Stem Cells, Glaucoma, Hair Transplantation, Hearing Loss, Heart Disease, Huntington's Disease, Kidney Failure, Knee Injuries, Liver Disease, Macular Degeneration, Multiple Sclerosis, Muscular Dystrophy, Optic Nerve Injuries, Osteoarthritis, Parkinson's Disease, Pulmonary Fibrosis, Retinitis Pigmentosa, Rheumatoid Arthritis, Spinal Cord Injury, Sports Injuries, Stroke တွေပါတယ်။

ဂျပန် Japan Bio Products (JBP) Co ကုမ္ပဏီကတော့ အရေပြားလှဘို့အတွက် ကြော်ညာပြီး လုပ်ပေးနေတယ်။ ဥရောပမှာ အသုံးချနေတာ ၂၅ နှစ်လောက်ရှိနေပြီ။ အလားအလာကောင်းတယ်။ အမေရိကားမှာတော့ တရားဝင် ခွင့်မပြုသေးဘူး။ တရုပ်ပြည်မှာ ဒေါ်လာ ၄ သောင်း၊ အိန္ဒိယမှာ ဒေါ်လာ ၂ သောင်းခွဲကုန်ကျတယ်။

ရေးထားပြီးစာများ
- Stem cell therapy (စတမ်ဆဲလ်) နဲ့ကုသခြင်း http://doctortintswe.blogspot.com/2014/12/stem-cell-therapy.html
- Stem cells can be safely infused in brain to promote stroke recovery http://doctortintswe.blogspot.com/2015/05/stem-cells-can-be-safely-infused-in.html
- Placenta Laennec အချင်းကထုတ်တဲ့ဆေး http://doctortintswe.blogspot.com/2015/07/placenta-laennec.html
- Placenta banking အချင်းဘဏ် http://doctortintswe.blogspot.com/2015/05/placenta-banking.html

ဒေါက်တာတင့်ဆွေ
၁၅-၁ဝ-၂ဝ၁၂
၁၉-၁၂-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး