Russia bath lotion poisoning ရုရှားမှာ အရက်ပါတဲ့လိုးရှင်းသောက်လို့ လူတွေသေဆုံး

အခုထိသေဆုံးသူပေါင် ၆၂ ယောက်ရှိပြီး လူ ၃ဝ ကျော်နေမကောင်းဖြစ်နေပါတယ်။ အသက် ၃၅ နဲ့ ၅ဝ ကြားတွေ များတယ်။

တချို့က အဲတာကို အရက်အဖြစ်သောက်ကြလို့ ဖြစ်ပါတယ်။ ပုံထဲမှာ ကိုယ်လိမ်းဆေးရည်မှာ ethyl alcohol အီသိုင်းလ် အယ်လ်ကိုဟောပါတယ်လို့ရေးထားပေမယ့် Methanol မီသိုင်းလ်အယ်လ်ကိုဟောပါလို့ သောက်သုံးကြတဲ့ လူတွေ သေဆုံးရတာဖြစ်တယ်။

Cosmetics အလှအပသုံးတွေ Medicines ဆေးတွေထဲမှာလည်း အရက်ပါနေတာတွေရှိတယ်။ အခုလိုဖြစ်တော့ အယ်လ်ကိုဟော ၂၅% ထက်ကျော်တာတွေကို စစ်ဆေးဘို့ အမိန့်ပေးလိုက်ပါတယ်။ လူ ၁၂ ယောက်ကိုဖမ်းဆီးထားပြီ။ အဆောက်အဦ ၁၅ဝဝ ထဲကနေ တရားမဝင်အရက်ပုလင်းတွေ ထောင်ကျော်သိမ်းဆီးရမိတယ်။

ပုံထဲပါ Hawthorn ဟော်သွန်းပန်းရနံ့ထည့်ထားတဲ့ ရေချိုးခန်းသုံးကိုယ်လိမ်းအရည်ဖြစ်ပါတယ်။ မက်သနောလ်အရက် မျက်စိထဲဝင်ရင် မျက်စိပျက်နိုင်တယ်။

ရုရှားမှာ ဈေးချိုတဲ့အရက်သောက်သုံးနေသူပေါင်း လူ ၁၂ သန်းရှိတယ်။ မြန်မာပြည်မှာကော့

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး