Surgeon ခွဲဆရာဝန်

ပို့စ်တခုကပုံကို သဘောကျတယ်။ မနေ့ပဲ သူများတွေလုပ်ထားပြီးသား ပုံတွေ၊ အိုက်ကွန်တွေကို ထပ်ချည်းတလဲ တင်နေကြတာကို ရေးမိသေးတယ်။ ကနေ့တော့ ဆွမ်းလောင်းပွဲက မုန့်ဆီကြော်နဲ့ ပဲခွေနဲ့တူတယ်လို့ ထပ်ရေးလိုက်တယ်။ ဆောရီး။

ကျွန်တော်က ကိုယ်တိုင်တီထွင်ကြံဆတာကို အားပေးတယ်။ ပရော်ဖက်ရှင်နယ်အဆင့်မဟုတ်သေးလည်း ချီးကျူးတယ်။ ပုံထဲမှာ ခွဲစိတ်ခန်းသုံးကရိယာတွေနဲ့ ဟက်ပီးနယူးယီးယားကို ပုံဖေါ်ထားတယ်။ ကြည့်ရတော့ လက်ယားလာတယ်။ တခုချင်းကိုကိုင်ပြီး အသုံးချချင်မိတယ်။

ကျွန်တော် ခွဲစိတ်လူနာတွေနဲ့ဝေးရတာ ၂ နှစ်ကျော်ပြီ။ ခွဲစိတ်ခန်းနဲ့ကင်းခဲ့ရတာက ၂၆ နှစ်ရှိပြီ။ ဒေလီမှာနေရတုန်းက အိုတီ ခေါ် ခွဲစိတ်ခန်းမပီသပေမယ့် ဖြစ်သလိုခွဲပေးခဲ့နိုင်သေးတယ်။

ခွဲစိတ်စရာမလိုတာကိုပါသိမှသာ တော်တဲ့ဆာဂျင်လို့ခေါ်ပါတယ်။ လူနာမရှိတဲ့ခွဲစိတ်ဆရာဝန်ကို ဘယ်လိုခေါ်မလဲ။ ခွဲဆရာဝန် = ခွဲသွားပြီဖြစ်တဲ့ဆရာဝန်။

ပုံမူရင်းက Medical-Online လို့ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး