Friday, December 30, 2016

A Gathering in Monywa

မုံရွာမှာ အမျိုးတွေ မိတ်ဆွေတွေ ဆုံနေကြတဲ့ပုံ အခုပဲရတယ်။

လက်ပန်းတောင်းမှာ မီးလောင်ဗုံးဒဏ်ခံရတဲ့ ဦးတိက္ခဉာဏ။ ကျွန်တော့်ညီတဝမ်းကွဲ။

သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က ကျွန်တော့်ဦးလေး။ မုံရွာ စတိတ်တူးကျောင်းမှာ ကျောင်းအုပ်လုပ်နေတုံး ဟာဝိုင်ယီကို ပညာတော်သင်သွားရတယ်။ ကျွန်တော်က ခုနစ်တန်းအောင်ပြီး၊ နွေရာသီကျောင်းမပိတ်ခင်မှာ ဝါးလုံးထောက်အခုန်ကောင်းလို့ ဘယ်ဖက်တံတောင်ဆစ်မှာ ကျောက်ပတ်တီးနဲ့ ဦးလေးကျောင်းအုပ်ကြီးကို နှုတ်ဆက်ရတယ်။

နောက်တယောက်က ဘာသာပြန်စာရေးဆရာ မောင်ရဲခိုင်။ သူ့အကိုက ကျွန်တော်နဲ့တတန်းတည်း။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး မြေးတွေ။

နောက်တယောက်က ဒေါက်တာဗဟိန်းက ကျွန်တော်ထက်စောပြီး ဆရာဝန်ဖြစ်တယ်။ ကျွန်တော်လိုပဲ မုံရွာစတိတ်တူးထွက်။ ဆယ်တန်းမှာ ဂုဏ်ထူးပေးတာ အလွန်ရှားပါးတဲ့အချိန်သူမှာ ဂုဏ်ထူးတွေနဲ့အောင်လို့ ကျောင်းကထူးချွန်ကျောင်းသားသင်ပုန်းမှာ သူနဲ့ ဂုဏ်ထူးဦးသိန်းနိုင်တို့နာမည်တွေက ထိပ်ဆုံးက။ (ကျွန်တော် ဂုဏ်ထူးနဲ့ တခါမှ မအောင်ပါ။) No Smile!

နောက်တယောက်က ကျွန်တော်ပြည်ပထွက်ပြေးလို့ ကိုယ်စားထောင်အချခံရတဲ့ ကျွန်တော့်ညီအရင်း အင်္ဂလိပ်စာ ကျူရှင်ဆရာ ဦးတင်လေး။

ဒေါက်တာတင့်ဆွေ
၃၁-၁၂-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...