E. coli အီး-ကိုလိုင် ဗက်တီးရီးယား

ဆရာရှင့် မင်္ဂလာပါ။ ကျွန်မရဲ့သမီး အသက် ၉ လ ကျော်၊ ဟိုရက်က ဖျားပြီးတက်သွားလို့ ဆေးရုံတက်ရပါတယ်။ Virus တွေ့တယ်ဆိုလို့ ပိုးသတ်ဆေး ၇ ရက်ထိုးရပါတယ်။ ဒီကြားထဲ ဆီးယူပြီး စစ်ထားပါတယ်။ ဆီးက ပိုးမွေးပြီးမှ စစ်ရတာမို့ ၁ ပါတ်ကြာမှ အဖြေသိရတယ်ရှင့်။ E.coli ပိုးတွေ့တယ်ဆိုလို့ နောက်ထပ် ပိုးသတ်ဆေး ၅ ရက် ခုထပ်ထိုးနေရပါတယ်ဆရာ။ E.coli ပိုးက စိုးရိမ်ရပါသလားဆရာ။ ဘာကြောင့်ဖြစ်တတ်တယ်ဆိုတယ်ရယ် နောက်မဖြစ်အောင် ဘာတွေ ရှောင်ရ သတိထားရမယ်ဆိုတာလေး သိချင်လို့ပါ ဆရာ။ ကျေးဇူးတင်ပါတယ်ရှင့် ။

Escherichia coli (E. coli) အီး-ကိုလိုင် ဗက်တီးရီးယားတွေဟာ လူတွေနဲ့ တိရစ္ဆာန်တွေရဲ့ အစာလမ်းကြောင်းထဲမှာ ရှိနေကြတယ်။ သူတို့ထဲက Shiga toxin-producing strains of E. coli အဆိပ်တမျိုးထုတ်တဲ့အကောင်တွေဟာ အစာဆိပ်သင့်တာကိုဖြစ်စေတယ်။

E. coli O157:H7 ရယ် E. coli O145 နဲ့ E. coli O121:H19 တို့ကနေ Shiga toxin ရှီဂါအဆိပ်ထုတ်ပေးတယ်။
E. coli O157:H7 တွေကနွားတွေမှာ အများဆုံးရှိတယ်။ ကြံ၊ သမင်၊ သိုးနဲ့ဝက်တွေထဲမှာလဲနေတယ်။ အသားတွေကနေ ကူးစက်နိုင်တယ်။ Unpasteurized milk ပါစခြာရိုက်စ် လုပ်မထားတဲ့နွားနို့၊ ဒိန်ခဲတွေကနေလဲကူးစက်နိုင်တယ်။ ဟင်းသီးဟင်းရွက်တွေ၊ အသီးဖျော်ရည်၊ ရေတွေကနေလဲကူးနိုင်သေးတယ်။
• အစားအစာ = 69%
• ရေ = 18%
• တိရစ္ဆာန်-လူ = 8%
• လူ-လူ 6% ကူးစက်တယ်။

ကူးစက်ခံရရင် ခံစားရတာတွေက အမျိုးမျိုးရှိနိုင်တယ်။ ၂-၅ ရက်အတွင်းဖြစ်လာမယ်။ ဗိုက်နာမယ်။ ၂၄ နာရီအတွင်း ဝမ်းလျှောမယ်။ အရည်တွေသွားမယ်။ သွေးပါလာနိုင်တယ်။ ပျို့ချင်မယ်။ ခေါင်းကိုက်မယ်။ တချို့မျာ ကိုယ်ပူးမယ်။ ချမ်းမယ်။ ရှားရှားပါးပါး Hemolytic Uremic Syndrome (HUS) ဆိုတာဖြစ်နိုင်တယ်။ E. coli O157:H7 တွေကြောင့် ၁ဝ% ဖြစ်တယ်။ Shiga toxins အဆိပ်တွေက သွေးထဲဝင်လာနိုင်လို့ဖြစ်တယ်။ ဝမ်းစစ်ဆေးလို့သိနိုင်တယ်။

ဖြစ်ရင် တပါတ်အတွင်းပျောက်ပါမယ်။ ရေရှည်စိုးရိမ်စရာမရှိပါ။ ရေ-ဆားဓါတ်ချို့ယွင်းတာကိုတော့ သတိထား ပြုပြင်ပေးရပါမယ်။ Antibiotics ပိုးသေဆေးတွေ မသုံးပါ။ HUS ကိုပိုဖြစ်စေနိုင်ပါတယ်။

ကာကွယ်ဘို့ဆိုတာ အစားအသောက်မှန်သမျှ သန့်ရှင်းဘို့ဖြစ်ပါတယ်။ ဒီပိုးတွေက မျက်နှာပြင်တွေပေါ်မှာ ကြာကြာ ရှင်နေနိုင်တယ်။ လက်တွေ မကြာမကြာဆေးကြောပေးပါ။ အသီးတွေကို ရေဆေးပါ။ အခွံခွါစားပါ။ မီးဖိုချောင်၊ စားသောက်ဆိုင်တွေ သန့်ရှင်းမှု သတိပြုပါ။ အသားစိမ်းတွေနဲ့ တခြားအစားအစာတွေမထိမိပါစေနဲ့။ ဝမ်းလျောနေသူနဲ့ ကလေးတွေ ဝေးဝေးနေပါစေ။ တိရစ္ဆာန်တွေ အထူးသတိထားပါ။ ဝမ်းလျောနေတဲ့ကလေးကို အတွင်းခံအဝတ်လဲရင် တခါသုံးလက်အိတ် သုံးပါ။ ဟမ်းဘာဂါကို အပူချိန် အနည်းဆုံး160°F အထိပေးပါ။ ကလိုရင်းခပ်မထားတဲ့ရေ မသောက်ပါနဲ့။

E. Coli အတွက် ပိုးသေဆေးများ
• Doxycycline (Vibramycin, Adoxa, Doryx, Morgidox, Monodox)
ခရီးသွားစဉ်ဝမ်းပျက်ခြင်းမှာပေးတယ်။

• Trimethoprim/sulfamethoxazole (Bactrim, Bactrim DS, Septra DS, Sulfatrim)
ခရီးသွားစဉ်ဝမ်းပျက်ခြင်းမှာ ၅ ရက်ပေးတယ်။ ဆီးလမ်းပိုးဝင်တာကို ၃ ရက်ပေးတယ်။ ပိုဆိုးရင် ၁ဝ-၁၄ ရက်ပေးတယ်။ ကျားဆီးကျတ်ရောင်တာကို ၆-၁၂ ပါတ်ကြာပေးတယ်။

• Ciprofloxacin (Cipro)
ဆီးလမ်းပိုးဝင်တာကို ၇-၁၄ ရက်ပေးတယ်။ ဆီးအိမ်ပိုးဝင်တာကို ၃ ရက်ပေးတယ်။ ယောက်ျားဆီးကျိတ်ရောင်တာကို ၄-၆ ပါတ်ပေးတယ်။

• Levofloxacin (Levaquin)
လူစုလူဝေးကနေရတဲ့နူမိုးနီးယားကို ၇-၁၄ ရက်ပေးတယ်။ ဆီးလမ်းပိုးဝင်တာကို ၁ဝ ရက်ပေးတယ်။ ခရီးသွားဝမ်းပျက်တာကို ၅ ရက်ပေးတယ်။

• Amoxicillin (Moxatag)
ဆီးလမ်းပိုးဝင်တာကို ၇ ရက်ပေးတယ်။ ကျောက်ကပ်ရောင်တာကို ၁ဝ-၁၄ ရက်ပေးတယ်။

• Aztreonam (Azactam)
ဆီးလမ်း + ကျောက်ကပ်ရောင်တာကို ၇-၁၄ ရက်ပေးတယ်။ ဗိုက်အတွင်းရောင်တာကို ၁၄-၂၁ ရက်ပေးတယ်။ နူမိုးနီးယားကို ၁၄ ရက်ပေးတယ်။

• Ampicillin and sulbactam (Unasyn)
ဗိုက်အတွင်းရောင်တာကို ၁၄-၂၁ ရက်ပေးတယ်။

• Nitrofurantoin (Macrodantin, Macrobid, Furadantin)
ဆီးလမ်းပိုးဝင်တာကို ၇ ရက်ပေးတယ်။

• Meropenem (Merrem IV)
ဗိုက်အတွင်းရောင်တာကို ၁၄-၂၁ ရက်ပေးတယ်။

• Ceftriaxone (Rocephin)
ဦးနှောက်မြှေးရောင်တာနဲ့ ဗိုက်အတွင်းရောင်တာကို ၁၄-၂၁ ရက်ပေးတယ်။ နူမိုးနီးယားနဲ့ ဆီးလမ်းပိုးဝင်တာကို ၁၄ ရက်ပေးတယ်။

• Piperacillin and tazobactam (Zosyn)
ဗိုက်အတွင်းရောင်တာကို ၁၄-၂၁ ရက်ပေးတယ်။

• Imipenem and cilastatin (Primaxin)
နူမိုးနီးယားနဲ့ ဆီးလမ်းပိုးဝင်တာကို ၁၄ ရက်ပေးတယ်။ ဗိုက်အတွင်းရောင်တာကို ၁၄-၂၁ ရက်ပေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး