ကြည်အေးစာအုပ်

စာဖတ်သူတိုင်း ကြည်အေးကို မသိသူမရှိလောက်ပါ။ ကျွန်တော်တို့ငယ်ကတည်းက သူ့ကဗျာတွေ စာတွေကို ဖတ်ခဲ့ရတယ်။ သူ့စာတွေကိုပြန်ထုတ်တာ ကောင်းပါတယ်။ ဒါပေမဲ့

ကြည်အေး၏ ဝတ္ထုတိုများပေါင်းချုပ်စာအုပ်ရလာလို့ ကျွန်တော့်ဇနီးက ဖတ်နေတယ်။ စာဖတ်နေရင်း ညည်းညူသံ ကြားနေရလို့ မေးကြည့်ရတယ်။ စာကောင်းလို့ဖတ်နေတာ စာရိုက်တာတွေက အတော်ကို ဒုက္ခပေးသတဲ့။ ဘာတွေလဲ့

ကြည်အေးစာတွေက တစ်သတ်ပုံကို ယူနီဖောင်းဖြစ်အောင် အမိန့်ထုတ်ပြီး အတင်းအဓမ္မ အပြောင်းခိုင်းတဲ့ခေတ် မတိုင်ခင်က ရေးခဲ့တာပါ။ စာအုပ်ထဲမှာ တစ်တွေချည်းပဲ။ နောက် စာရိုက်မှားတာတွေက အပုဒ်တိုင်းလိုလိုမှာပါတယ်တဲ့။

ပင်လယ်အောက်၌ = ပင်လယ်လောက်၌
အသံရှင် = သအံရှင်
ရေသူမလေးလို = ရေသူမလေးကို

ယူနီဖောင်းတွေက သတ်ပုံပြောင်းခိုင်းတယ်။ ခါးတောင်းကြိုက်တွေကလည်း ခါးကုန်းနေအောင် လိုက်နာကြလွန်းတယ်။ မြန်မာစာ ခါးကျိုးနေပါပကော။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး