ကောင်းခြီး နဲ့ ကောင်းချီး

M Orning Shine ကောင်းကြီးနဲ့ ကောင်းချီး ဘယ်ဟာကမှန်ပါသလဲခင်ဗျား။
Gu Gu ချီးမွမ်း၊ ကောင်းချီးပေး

အရင်ကရေးခဲ့တာနဲ့ နောက်ရေးတာ မတူကြပါ။
ကောင်းချီး (အစိုးရထုတ် မြန်မာအဘိဓာန်)
ကောင်းချီးစကား (အွန်လိုင်းသတ်ပုံ)
ကောင်းခြီးပေးသည် (သတ်ပုံစာအုပ်ဟောင်းများ)

ကောင်း
ကံကောင်း
လူတော်လူကောင်း
အိပ်ကောင်းစားကောင်း
အကောင်းကြိုက်၊
ကောင်းကင်
ကောင်းကင်တမန်
ကောင်းကင်ဘုံ
ကောင်းကျိုးပေးမည်
ကောင်းချီး (အစိုးရထုတ် မြန်မာအဘိဓာန်)
ကောင်းချီးစကား (အွန်လိုင်းသတ်ပုံ)
ကောင်းစားနေသည်
ကောင်းဆိုးနှစ်တန်
ကောင်းတုံမြို့
ကောင်းမွန်
ကောင်းမှုပြုပါ
ကောင်းခြီးပေးသည် (သတ်ပုံစာအုပ်ဟောင်းများ)
ကောင်းမြတ်
ကောင်းရာကောင်းကြောင်း
ကောင်းကောင်းကန်းကန်း
ကောင်းသောအကျင့်
ကောင်းသောအကြံ

သီချင်းကြီး ခေါင်းစီးမှာ နောက်ထပ်တမျိုးတွေ့ရပြန်ပါတယ်။
ကောင်းကြီးသင်္ခါ - ဆို - မာမာအေး၊ တီး - စောင်းဦးခင်မြင့်၊ ဆိုင်း - စိန်ဗိုလ်တင့် https://www.youtube.com/watch?v=PhEkFT7B2ko
ကောင်းချီးသင်္ခါ - မွန်မိကျောင်း - အဲမွန် https://www.youtube.com/watch?v=T7EzNVTDFXo

ခေတ်ဟောင်းသတ်ပုံစာအုပ်တွေမှာ -
ချီး = ဝှဲချီးသည်၊ ချီး (မစင်)၊ ချီးပံ့သည်၊
ခြီး = ခြီးမြှင့်သည်၊ ခြီးမွမ်းသည်၊ ခြီးကြူး၊ ခြီးမြှောက်သည်၊ ခြီးပင့်သည်၊ ကောင်းခြီး၊ ခြီးလော့ချက်မှန် ကျယ်ကျဉ်းတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)