Lincoln Lesson

ကျွန်တော် စာကူသင်နေတဲ့ကျောင်းက ကျောင်းသူတယောက်ကရေးတာတခု ဖတ်ရတယ်။

Mary Dim အရမ်းဒေါသထွက်နေတဲ့အချိန် ဘာမှမလုပ်/မဆုံးဖြတ်လိုက်ပါနဲ့ because နောက် ၁၀နှစ်လောက်ကျရင် ကိုယ်အရမ်းဒေါသထွက်ခဲ့လွန်ခဲ့တဲ့ ၁၀ နှစ်ကအကြောင်းကိုပြန်တွေးလိုက်ရင် ရယ်စရာ/အရေးမကြီးတော့ဘူးဖြစ်သွားပါလိမ့်မယ်

Tint Swe ဆရာရေးတဲ့ လင်ကွန်းစာတစောင်အကြောင်း ဖတ်ဖူးလား။

Mary Dim မဖတ်ဖူးဘူးဆရာ ဘာအကြောင်းလဲ

တခါတုန်းက အမေရိကန်သမတလင်ကွန်းဟာ အင်မတန်စိတ်ဆိုးပြီး လူတယောက်ကို ခါးခါးသီးသီး အပြစ်တင်တဲ့ စာတစောင်ရေးတယ်။ စာကို အိပ်ယာအောက်မှာထားရာကနေ စာပို့ဘို့မေ့နေလို့ စာမပို့ဖြစ်ပါ။ နောင်အချိန်တွေ အတော်ကြာတော့ အဲဒီလူဟာ သူ့အတွက် မိတ်ဆွေကောင်းတယောက်ဖြစ်လာပါသတဲ့။

ဒီအတ္ထုပတ္တိကို ငယ်ငယ်လေးကတည်းက ဖတ်ဖူးခဲ့တယ်။ ကျွန်တော့်နိုင်ငံရေးမှာ အဲဒီသင်္ခန်းစာကို အသုံးချနိုင်တဲ့အခါ အသုံးချခဲ့ပါတယ်။ အရေအတွက် လက်တဖက်မက များတယ်။

နိုင်ငံရေးထဲကတကယ့်အဖြစ်အပျက်တွေကို ပြန်မရေးချင်ပါ။ နောက်ကြောင်းတွေကို ပြန်ရေးရင် တချိန်က သွေးဆူပြီး နှုပ်အာကြမ်းကြမ်းနဲ့ ရန်လုပ်ခဲ့သူတွေကို ဆွပေးသလိုဖြစ်မယ်။ သူတို့က လင်ကွန်းအကြောင်း မဖတ်ဖူးလောက်။ ဖတ်ဖူးလည်း သင်္ခန်းစာ မယူလောက်ကြပါ။

ဒေါက်တာတင့်ဆွေ
၁၈-၁၂-၂ဝ၁၆

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး