Heart-book ဟတ်ဘွတ်

ဖေ့စ်ဘွတ်ဆိုတာ ဘောလုံးပွဲနဲ့တူတယ်။ ဂိုးသွင်းမဲ့လူဖြစ်လိုက်၊ ဂိုးဖမ်းမဲ့လူဖြစ်လိုက်။ ကစားနေတဲ့လူဖြစ်လိုက်၊ ပွဲကြည့်စင်မှာ နေတဲ့လူဖြစ်လိုက်။ ဒါပေမဲ့ ဘယ်သူကို တိုက်စစ်မှူးလို့ ရွေးထာတာမရှိပါ။

ဇာတ်ပွဲနဲ့လဲတူတယ်။ မင်းသားလုပ်လိုက်၊ လူကြမ်းလုပ်လိုက်။ နှစ်ပါးသွားလိုက်၊ ငိုခြင်းချလိုက်။ စင်ပေါ်တက်လိုက်၊ ပွဲခင်းထဲဆင်းလိုက်။ ဒါပေမဲ့ မင်းသားလုပ်ပါလို့ ရွေးပေးတဲ့ဒါရိုက်တာမရှိပါ။

ကျောင်းတော်ကြီးနဲ့လဲတူတယ်။ ပါမောက္ခဖြစ်လိုက်၊ ဖရှက်ရှာဖြစ်လိုက်။ ဓါတ်ခွဲခန်းထဲရောက်လိုက်၊ မြက်ခင်းပေါ် အိပ်လိုက်။ စာဖတ်လိုက်၊ ဖဲရိုက်လိုက်။ ဒါပေမဲ့ ဘယ်သူ့မှာ ဘာပညာရှိသလဲဆိုတာ အသိပေးသူရှားတယ်။

ဖေ့စ်ဘွတ်မှာ ပုံလှလှလေးတွေ၊ စကားလုံးပြောင်ပြောင်မြောက်မြောက်တွေ မြင်တာနဲ့ အထင်ကြီးတခွဲသားနဲ့၊ လေးစားပစ်ကြသူတွေက များတယ်။ သူများ ငယ်ကျိုးငယ်နာ ကြံဖန်ရေးနေသူဆိုရင် ဆက်ပါအုံး၊ မျှော်နေမယ်နဲ့ အားပေးသူကလဲ မရှား။ မှားရေးနေတာကို ထောက်ပြချင်သူက နည်းလှတယ်။

မျက်နှာမြင် ချစ်ခင်ခံရတာ ကုသိုလ်ထူးလို့ပါ။ ဒါပေမဲ့ နှလုံးသားကလာတာက ပိုပြီးတန်ဖိုးရှိပါတယ်။ ဒီစာကို လွန်ခဲ့တဲ့ ၄ နှစ်ကရေးခဲ့တာ။ မျက်နှာသာများပြီး၊ နှလုံးသားထိမြင်ရတာ ရှားသေးတယ်။ Heart-book ပေါ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁၂-၂ဝ၁၃
၂၄-၁၂-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ