Men on the Chairs ကုလားထိုင်ပေါ်က ဆရာများ

အဆုံးအမတွေ၊ နည်းနာတွေ၊ ပုံသေနည်း ခေါ် ဖေါ်မြူလာတွေကို အလွတ်ကျက်မှတ်ကြတယ်။ သူများကို နည်းပေးစရာ ဆုံးမစရာ ထောက်ပြစရာရှိရင်လည်း အသုံးချလေ့ရှိကြတယ်။ ဘာသာရေးမှာ တရားရှာ ကိုယ်မှာတွေ့၊ လူမှုရေးမှာ ဘယ်သူမပြု မိမိမှု၊ မြန်မာစာမှာ ရေးတော့အမှန် ဖတ်တော့အသံ စသဖြင့်။

သူများကို ဆုံးမလမ်းပြတဲ့သူတွေကိုယ်တိုင်က သဘောပေါက်ကြသလား၊ တခါတခါစဉ်းစားမိတယ်။ ကိုယ်တိုင်လည်း ဆင်ခြင်ပါတယ်။

တစ်ခါတစ်ရံလို့ ရေးပြီး၊ တခါတရံဖတ်ပါလို့ ပြောနေတာ အလွန့်အလွန် မှားတယ်။ ခေါင်းကိုက်တယ်လို့ ရေးပြီး ဂေါင်းကိုက်တယ် ပြောတာကသာ နမူနာကောင်း (ဂေါင်း) ဖြစ်ပါတယ်။ အဲတာကို ခေါင်းကိုက်တယ်လို့သာ စာရေးတဲ့ အတိုင်းအသံထွက်ပြန်ရင် (မပြောကောင်း မဆိုကောင်း) အသုဘသုံးတာနဲ့ တူသွားမယ်။

မေးခွန်းတွေဖတ်၊ ပို့စ်တွေ ကွန်မင့်တွေဖတ်ရင်းနဲ့ ကောက်ချက်ချလို့ရလာတာရှိတယ်။ ငါရေးတာမှန်၊ ငါထွက်တာ မှန်သမားတွေ များလှတယ်။ အယ်ဒီတာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ မြန်မာစာနဲ့ ကုလားထိုင်ရထားသူတွေ။ အရင်ကဟာတွေမှား၊ သူတို့ရေးတာသာမှန်တယ်ဆိုပြီး ကိုယ်ပိုင်သတ်ပုံကို ရောင်းစားကြတယ်။

ကျွန်တော်လည်း ပါတယ်။ Smile!

(ပုံအတွက် ကန်တော့ပါ)

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၃

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ