မြန်မာပြည်ပြန်ခရီးစဉ်မှာ

အရင်ကထင်ထားတတွေတချို့ လွဲနေခဲ့ကြောင်း သိလာရတယ်။ ၂၈ နှစ်အတွင်း စောစောပိုင်းကာလတွေမှာ လာသမျှလူတွေကိုလိုက်တွေ့ ဖိတ်တွေ့ပြီး ပြည်တွင်းအခြေအနေကို မျက်ခြေမပြတ်သိအောင်လုပ်နေခဲ့ပါတယ်။ အတော်မပြည့်စုံမှန်း သိပါတယ်။

ဆိုရှယ်မီဒီယာပေါ်လာတော့ ဖရင်း ၅ဝဝဝ ကရေးတာတွေဖတ်ရတယ်။ ရိုင်းစိုင်းတာတွေ မြန်မာစာမှန်အောင်မရေးတာတွေ သတင်းအလွဲနောက်လိုက်ကြတာတွေ စသဖြင့်ဖတ်ရတော့ ရင်ထုမနာ (နာပါတယ်) ဖြစ်ရတယ်။

ရန်ကုန်ဝင်ကတည်းက ရိုင်းစိုင်းတာတွေမတွေ့လို့ ကိုယ်ထင်ထားတာမှားနေပါလားလို့ အမြင်ကို ပြန်ပြင်ရတယ်။

အခုမုံရွာရောက်တော့ မင်္ဂလာပါဆိုစကားကို ရိုက်သွင်းထားသလားလို့ စဉ်းစားမိလာပြန်တယ်။ အဲလိုမပြောတာထက်တော့ အများကြီး ကောင်းတယ်။

ဆိုးတယ်လို့ထင်တာတွေထက် ကောင်းနေပြီး ကောင်းတယ်လို့ထင်တာတွေထက် ဆိုးတာလည်း တွေ့တယ်။ ဆောရီး။

ဆိုရှယ်မီဒီယာ အားမကိုးထိုက်ပါလို့ ကောက်ချက်ချချင်လာတယ်။ အချိန်မရသေးလို့ ဒီလောက်သာရေးဦးမယ်။

ဒေါက်တာတင့်ဆွေ
၁၄-၅-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး