Century နှစ်တရာကြာသော်လည်း

ဥပုသ်နေ့ကို ဥပုဒ်လို့ ရေးသူကရေးကြတယ်။ သီလပျက်စေမယ်။ ကန်တော့ပါ။

စိန်တလုံးသရက်ကို စိန်တစ်လုံးသရက်လို့ ရေးတာလည်းဖတ်ရတယ်။ သရက်သီးအရသာပျက်မယ်။ ဆောရီး။

နှစ်တရာပြည့်ကို နှစ်တစ်ရာပြည့်လို့ရေးတဲ့သူတွေရှိတယ်။ မြင်းခွါတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ်ကို မြင်းခွါတစ်ချက်ပေါက်ရင်လို့ ရေးတာ ဖတ်ရရင် မြင်းခွါနဲ့တချက် ပေါက်စေချင်လာတယ်။

နှစ်တရာ မြန်မာပြက္ခဒိန်ရှိသလို နှစ်တရာမြန်မာသတ်ပုံပါရှိစေချင်တယ်။ နှစ်ကြာလို့ အရင်ဟာတွေ မပြောင်းရတာထဲမှာ သမိုင်းနဲ့ မြန်မာစာ။

တကယ်ပြောတာ။ ကျွန်တော် စကားပြီပါတယ်။ တစ်ကယ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး