ကလောင်သွားနှင့် ဓါးသွား

ဆိုစကားတခုရှိတယ်။ ကလောင်သွားက ဓါးသွားထက်ပိုထက်၏။ ကလောင်သွားဆိုတာ စာရေးတာ ကဗျာရေးတာကို တင်စားတာ။ ဓါးသွားဆိုတာ ထိုးခုတ်သတ်ပုတ်တာ။ နောက်ဒါးတမျိုးက ကျွန်တော်အပါအဝင် ဆရာဝန်တွေကိုင်တာ။ ခွဲစိတ်ဒါး မကိုင်ရတာကြာလှပြီ။ စကာ့ပယ်လ် ခေါ် အဲလိုဒါးက တကယ်ကို ထက်တယ်။ မုတ်ဆိတ်ရိတ်ဒါးလိုပဲ။ တကယ်လည်း မုတ်ဆိတ်ရိတ်ဒါးသုံးပြီး ခွဲစိတ်ရာမျိုးရှိတယ်။ အနုစိတ်ခွဲတာ မျက်စိခွဲတာမျိုး။

ဒါး
ပြဒါး
ပြဒါးရှင်
ပြဒါးလုံး
ပြဒါးဆိပ်သင့်သည်

ဓါး
ခွဲစိတ်ဓါး
ဓါးခုတ်ကောင်
ဓါးစာခံ
ဓါးမဦးချမြေ
ဓါးမနောက်ပိတ်ခွေး
ဓါးပြသူခိုး
ဓါးရှည်
ဓါးလက်နက်
ဓါးလွတ်ကိုင်
ဓါးလွယ်ခုတ်
ဓါးသွား
ဓါးသိုင်း
ဓါးဆောက် (ဓါးရိုး)
ဓါးဆောက်ကမ်းလုပ်သည် (အရမ်းပတမ်းလုပ်သည်)
ဓါးမြှောင်
ဓါးနှောင့်
သင်ဓုန်းဓါး
သူခိုး ဓါးရိုးကမ်း (စူလဓနုဂ္ဂဟဇာတ်)

၁၉၆၂ ခုနှစ်က ဗိုလ်ချုပ်နေဝင်းပြောခဲ့တဲ့ ဒါး ဒါးချင်၊ လှံ လှံချင်း သမိုင်းဝင်မိန့်ခွန်း သတင်းစာကို ပြန်သတိရစေတယ်။ ဒါးရေးရေး ဓါးရေးရေး ထက်မှကောင်းတယ်။ ကျွန်တော် လူနာပေါင်းများစွာကို ခွဲစိတ်ဒါးနဲ့သာ ခွဲပေးခဲ့ပါတယ်။ စာလေးတွေ ရေးတယ်။ ကီးဘုတ်နဲ့သာ ရိုက်ပါတယ်။ မထက်ပါ၊ အပြားလိုက်ကြီး။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ