မြက်ရိတ်ယောက်ျား

ဒီအရပ်မှာက ကိုယ်အိမ်ဝင်းကိုယ်တာဝန်ယူရတယ်။ နေရာတိုင်းမှာ ကိုယ့်တာဝန်ဆိုတာတော့ရှိတာပေါ့။ ဒီမှာက မမြင်မတော်ရင် ကွန်ပလိန့်တက်မယ်။ ရဲ ဥပဒေ ပါလာမယ်။

အဲတာတွေထဲမှာ ကိုယ့်ခြံဝင်းထဲကမြက်ရိတ်ရတာလည်းပါတယ်။ သစ်ပင်ခုတ်ရတာ သစ်ရွက်ခြောက် သိမ်းရတာတွေလည်း ပါတယ်။

မြက်ရိတ်တာလည်း ပညာပါတယ်။ ကျွန်တော်တော့ မတတ်သေး။ မနေ့က သားအငယ်ဆုံးကလာရိတ်ပေးတယ်။ တချို့ရက်တွေမှာ တခြားသားတွေက လာရှင်းပေးကြတယ်။

သမီးတွေက ဈေးဝယ်ပေး၊ မြေးတွေကလာဆော့ပြေးကြတယ်။

မြက်ရိတ်ယောက်ျား သားများတည်း။ Smile!

Dr. တင့်ဆွေ
၂၄-၆-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး