မြန်မာစာကို စိတ်ဝင်စားကြသူများ

၁။ ဆရာရေ တခုလောက်မေးချင်လို့ပါ။ ကလေးနံမည်လေးပေးထားတာ မင်းလင်္ကျာ ဆိုရင် စာလုံးပေါင်းသတ်ပုံ မှန်ပါသလားရှင့်

မင်းလက်ျာ မှန်တယ်။ င် အသေးကို အပေါ်တင်ထားရင် လင်ယာလို့ ဖတ်မယ်။ ဆောရီး။
လက်ျာ လက်ယာ https://doctortintswe.blogspot.com/2017/06/blog-post_55.html

၂။ တစ်ရက် တစ်လ မဟုတ်ဘူးလား ဆရာ အဲ့လိုပဲ သိထား သင်ထားခဲ့ရလို့ မေးကြည့်တာပါဗျ။

အဲတာ မဟုတ်မမှန်ကြောင်း နေ့တိုင်းနေ့တိုင်းရေးပါတယ်။

၃။ ဟုတ်ကဲ့ဗျ သတိထားမိပါတယ်ဗျ။ ကျွန်တော် မှတ်ဥာဏ်မမှားဘူးဆိုရင် မူလတန်းမှာကတည်းက တရက် တလ ဆိုတာထက် တစ်ရက် တစ်လလို့ သင်ခဲ့ရတယ်လို့ ထင်ပါတယ်ဗျ။ ကျွန်တော် အမှတ်မှားတာလည်း ဖြစ်နိုင်ပါတယ်

၁၉၈၁ ကစပြီး အမိန့်နဲ့ အတင်းပြင်ခိုင်းထားပါတယ်။
တစ် သမိုင်း သံခိပ် https://doctortintswe.blogspot.com/2018/03/blog-post_72.html

၎။ တစ်ရက်တစ်လတစ်နှစ်လို့ပဲရေးနေမိတယ် မှားလားမှန်လားမသိတော့ဘူး

ပို့စ်ဖတ်ရင်တော့ ဖြေရန်မလိုပါ။

၅။ ကျေးဇူးတင်ပါတယ်ဆရာ၊ သမီးတို့‌တွေကနှစ်‌‌ပေါင်း ၃၀‌ကျော်အမှား‌တွေနဲ့ကြီးပြင်းခဲ့ရတာ‌ပေါ့‌နော်၊၊ သူငယ်တန်း သင်္ချာ စသင်ထဲက တစ်ခု၊ တစ်‌‌ကောင်၊ တစ်‌‌ယောက်နဲ့ကြီးပြင်းခဲ့ရတာပါ

၆။ ကျွန်မတို့လည်း တစ်ရက်တစ်လလို့ သင်ခဲ့ရပါတယ် ရေးတော့အမှန် ဖတ်တော့အသံဆိုပြီး

ရေးတော့အသံ ဖတ်တော့အသံဆိုတာ ခေါင်းကိုက်ကို ဂေါင်းကိုက်သံထွက်ရတာမျိုးကသာ မှန်တယ်။ တစ်ခါတစ်ရံကို တခါတရံသံ ထွက်မရပါ။ တစ်ခါတစ်ရံလို့သာ တစ်တစ်ခွခွထွက်ရတယ်။

၇။ တက္ကသိုလ်ဝင်တန်းမှာ စာစီစာကုံးရေးရင် "တရာ" နဲ့ရေးရင် အမှတ်လျော့ "တစ်ရာ"နဲ့ရေးမှ အမှန်တဲ့ဗျာ ! 😕😕

အဲလိုလှမ်းပြောကြတယ်။ အဲတာကြောင့် အတင်းပြင်ခိုင်းထားတာကို ကုလားထိုင်ရသတ်ပုံလို့ခေါ်တယ်။

၈။ ပြောတတ်ပါ့ ဆရာရယ် "ကုလားထိုင်ရသတ်ပုံ" တဲ့ ! 😄😄 So so Cool ! 👍👆

၉။ ကိုယ်တွေ ငယ်ငယ်တုန်းက 2008 ပတ်ဝန်းကျင်လောက် 2/3တန်းလောက်တုန်းက အိမ်မှာရှိတဲ့ 90 centuryကထုတ်ခဲ့တဲ့ စာအုပ်အဟောင်း "တို့ကျောင်းသား"တို့ "မိုးသောက်ပန်း"တို့ "ငါးရာ့ငါးဆယ်နိပါတ်တော်"တို့ "ကမ္ဘာကျော်အီစွပ်ပုံပြင်"များတို့ ဖတ်ရင် ကျောင်းကနဲ့ စာလုံးပေါင်းသတ်ပုံတွေမတူတော့ ဘာကိုအမှန်ယူရမှန်းမသိနဲ့ ယောင်လည်လည်ဖြစ်ခဲ့ဖူးတယ် ! 😀😀 ဆရာရေ ! 😊😊

၁ဝ။ ကျွန်တော်တို့ စာဖတ်ခြင်း ၂ သက်တမ်းမီခဲ့တော့ ပြဿ နာပေးတာက သတ်ပုံပါပဲ။

၁၁။ ဆရာ့ကျေးဇူးနဲ့ အသက်ကြီးမှ တ နဲ့ တစ် အမှန်သိလာရတယ်ဆရာ အရင်က တခြားသူတွေ တ လို့ရေးရင် ကိုယ်က လူတတ်ကြီးလုပ်ပြီး တစ်လို့ပြင်ပေးမိသေး

၁၂။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းနှင့်ခွဲထားစာအုပ်က မှားနေတဲ့သဘောလားခင်ဗျ

သက်သေအထောက်အထားတွေနဲ့ တင်ပြနေတာ ပုဒ်ရေတရာ (တစ်ရာ မဟုတ်) ကျော်နေပြီ။

၁၃။ နှစ်100ကို နှစ်တရာလို့ရေးတာ မှန်သလား နှစ်တစ်ရာလို့ရေးတာ မှန်သလားဆရာ

တရာကမူလအမှန်။ တစ်ရာက ပလီပြီးအမိန့်နဲ့ရေးခိုင်းထားကြောင်းပါ။

၁၄။ ဦး နဝ အမိန့်နဲ့ ပြင်ခိုင်းခဲ့တယ်လို့ ဖတ်ဖူးပါတယ် ဆရာကြီး ဟုတ်ပါသလား ခင်ဗျ

၁၅။ မှတ်သားလိုက်နာပါ့မယ်ဆရာ

မြန်မာစာကို စိတ်ဝင်စားကြသူတွေများလို့ အားတက်မိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး