Friday, June 29, 2018

တီးတိုး

လွန်ခဲ့တဲ့ ၂ နှစ်က ကွန်မင့်တခုရပါတယ်။ ဦးနေဝင်းလက်ထက် တီးတိုးလာတုန်းက သတင်းစာမှာ သဝဏ်လွှာရေးတော့ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင်လို့ ရေးတဲ့အခါ ပညာရှင်တွေက လှောင်ကြလို့ မြန်မာစာအဖွဲ့ဆိုတာကြီးဖွဲ့ပြီး ၁၉၈၃ မှ တစ်ခု တစ်ကောင်၊ တစ်ယောက်ဆိုပြီး အမှားတွေကို အမှန်လုပ်ခိုင်းခဲ့တာလို့ သိရတယ်ဗျာ။ အခုတော့ အမှားကို အမှန်ထင်နေကြတယ်။

ကွန်မင့်ထဲက တီးတိုးဆိုတာ မာရှယ်တီးတိုးဖြစ်ပါတယ်။ အရင် ယူဂိုဆလားဗီးယားခေါင်းဆောင်။

အဲလိုသတ်ပုံတလွဲရေးတာကို လှောင်တဲ့ပညာရှင်မျိုး ရှိသေးလားတော့ မသိပါ။ မလှောင်သူတွေသာ နေရာရတယ်။ တီးတိုးတော့ ပြောနေကြပြီ။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဈေးကြီးသော ပန်းချီဆရာဝန်

လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်တော့ အထဲမှာ ရေဆေးပန်းချီကားလေးတချပ်တွေ့တယ်။ ကျွန်တော့်လက်မှတ်ပါပေမဲ့ နေ့စွဲမပါ။ ပန်းခ...