သခင်ကိုယ်တော်မှိုင်း မြန်မာစာသတ်ပုံ

အတွေးအမြင် ၂၀၁၇ ဒီဇင်ဘာ မောင်မောင်အေး စစ်ကိုင်း ဆောင်းပါးပါဆရာ။ တစ်တွေချည်းတွေ့လို့ မူရင်းကိုယ်တော်မှိုင်း ရေး တ လား တစ်လားဆရာ မြန်မာစာဖျက်ဆီး သဘောထားလွဲသူတွေက လူကြီးတွေပါ ပါနေတာ မဖြစ်သင့်ပါ ဆရာနှင့်သဘောတူ မြန်မာစာဖျက်ဆီးတာ မကြိုက်ပါခင်ဗျာ။ ကျနော် အမှားပါ တောင်းပန်ပါသည် typing error ဟု သဘောထားပေးပါခင်ဗျာ။

သခင်ကိုယ်တော်မှိုင်းရေးသားခဲ့တဲ့ မူရင်းစာတွေမှာ တစ်မဟုတ်ပါ။ မေးတဲ့သူပို့ပေးတဲ့ ဆောင်းပါးဓါတ်ပုံကို မထည့်တော့ပါ။

သခင်ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄) ဟာ ဘုရင့်လက်ထက်ကနေ လွတ်လပ်ရေးရပြီးသည်အထိ အလွန်ထင်ရှားတဲ့ ပညာရှင်တဦး ဖြစ်တယ်။ ဒေါင်းဋီကာ၊ မျောက်ဋီကာ၊ မျောက်ဂဏ္ဌိ၊ ဘွိုင်းကောက်ဋီကာ၊ ခွေးဋီကာ၊ ခွေးဂဏ္ဌိအပါအဝင် အဖိုးတန်စာတွေ အများကြီးရေးသားခဲ့တယ်။ သူရိယသတင်းစာတိုက်မှာ မြန်မာစာဘက်ဆိုင်ရာအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းရေးခဲ့တဲ့ သတ်ပုံကို ဖတ်ကြစေချင်ပါတယ်။ နာမည်အကြီးဆုံးဖြစ်တဲ့ ဘွိုင်းကောက်ဋီကာကို သက်သေပြပါမယ်။

တကာတဦးက
တညီတညာတည်း
ပိတ်ပြီးတရက်
တရက်အတွက်
ဒဏ်ငွေတကျပ်မျှ

ခေတ်ပေါ် အယ်ဒီတာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေကတော့ သတ်ပုံအရာမှာ သခင်ကိုယ်တော်မှိုင်းထက် တော်တတ်ထူးချွန်ကြပါပေတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး