Tofacitinib ဆေးမေးခွန်း

မင်္ဂလာပါ ဆရာ ကျေးဇူးပြု၍ ကျွန်တော်မေးခွန်းလေးကို ပြန်ဖြေပေးပါအုံး ဆရာ။ Tofacitinib ဆိုတဲ့ အဆစ်ရောင်ပျောက်ဆေးက ဆံပင်ကျွတ်ခြင်းနဲ့ ထိပ်ပြောင်ခြင်းဖြစ်နေတဲ့ သူတွေအတွက် ပြန်လည်၍ ဆံပင်ရှင်သန်စေတယ်ဆိုတာ ကျွန်တော်ဖတ်ကြားမိခဲ့သဖြင့် ဒီဆေးက ဆံပင်ကိုပြန်လည်၍ရှင်သန်စေပါသလား။ အကယ်၍ ဒီဆေးက ဆံပင်အတွက်အသုံးဝင်ပါလျှင် ဆေးကို ဘယ်လို သုံးဆွဲရမည်နည်း ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုဖြစ်စေနိုင်သလည်း ဆရာ။ ကျန်းမာပါစေ ဆရာ။

သုံးစွဲလို့သာ ရေးရတယ်။

Tofacitinib ဆေးကို Xeljanz အမည်နဲ့ရောင်းတယ်။ တခြားအမည်တွေလည်းရှိတယ်။

Rheumatoid Arthritis လေးဘက်နာနဲ့ Psoriatic Arthritis အဆစ်နာတမျိုးမှာ သုံးနိုင်တဲ့ဆေးဖြစ်ပါတယ်။ Ulcerative colitis အူမကြီးရောင်ခြင်းအတွက်လည်း ပေးတယ်။

သာမန်ဘေးထွက်က်ရောက်မှုများ
အသက်ရှူလမ်းအထက်ပိုင်း ပိုးဝင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ခြင်း၊ သွေးဖိအားတက်ခြင်း။

အရေးကြီး သတိပေးချက် - ဆိုးဝါးသောပိုးဝင်ခြင်းများနှင့် ကင်ဆာ
ပြင်းထန်တဲ့ ပိုးဝင်ခြင်းတွေ ဖြစ်စေနိုင်တယ်။ ဆေးရုံတက်ကုသရနိုင်တယ်။ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ ဆောရီး။
Active tuberculosis တီဘီ၊
Invasive fungal infections ဖန်းဂတ်စ် ခေါ် မှိုပိုး၊
Bacterial, viral ဗက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ခံရခြင်း။

Lymphoma လင်ဖိုးမား ခေါ် သွေးပြန်ရည်ကျတ်ကင်ဆာနဲ့ တခြားကင်တာတွေ။ Non-Melanoma Skin Cancer အရပြားကင်ဆာတမျိုး။

သွေးစစ်ရင် -
Neutropenia သွေးဖြူဥနည်းခြင်း၊
Anemia သွေးအားနည်းခြင်း၊
Liver Enzyme Elevations အစည်းအင်ဇိုင်းတွေ များခြင်း၊
Lipid Elevations အဆီများခြင်းတွေ တွေ့ရှိရတယ်။

ကိုယ်ဝန်ဆောင်အတွက် လေ့လာမှုမပြည့်စုံသေး။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး