Saturday, June 30, 2018

ဓမ္မစကြာသုတ်

ဇူလိုင်လ (၂၇) ရက်နေ့ဟာ ဝါဆိုလပြည့် ဓမ္မစကြာနေ့ဖြစ်ပါတယ်။ ဘုရားလောင်းတောထွက်ပြီးနောက် ခြောက်နှစ်ကြာမှာ သဗ္ဗညုတ ဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတာ ကဆုန်လပြည့်နေ့ဖြစ်တယ်။

နောက်မှာ ဗာရာဏသီမြို့တော်အနီးမှာရှိတဲ့ မိဂဒါဝုန်တောကိုကြွတယ်။ အဲဒီမှာ ပဉ္စဝဂ္ဂီငါးဦးတို့ နေထိုင်ကြတယ်။ တရားဦး ဟောတဲ့နေ့က ဝါဆိုလပြည့်နေ့။ တရားဟောတဲ့အချိန်ကာလက နေဝင်လုဝင်ဆဲ၊ လထွက်ကာစဖြစ်တယ်။ တရားတော်ကို ဓမ္မစက္က ပဝတ္တန သုတ္တ လို့ခေါ်တယ်။ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့မှာ အနတ္တလက္ခဏသုတ္တကို ဟောကြားတော်မူတယ်။

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်လာ ဓမ္မစကြာသုတ် သတ်ပုံမှန်စာသား

၁၃။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏ -

ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း၊ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် အစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်း၎င်း ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်ခြင်း၎င်း ဤနှစ်ပါးတို့တည်း။

အဖန်တစ်လဲလဲ မဟုတ်ပါ။ စာဖတ်သူများ သံသရာမှာ အဖန်တလဲလဲ တစ်မနေကြစေဘို့ ဆုတောင်းအပ်ပါတယ်။ စာရေးသူများတချို့ကား တစ်နေကြဆဲ။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၈

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တဦးလျှင်

မန္တလေး စာအုပ်လမ်း စာပေအလှူ တဦးလျှင် (၁) အုပ်နှုန်း အခမဲ့ရယူနိုင်ပါသည်။ ရွှေချထားဖို့ကောင်းတဲ့ စေတနာ။ စိန်စီထားသင့်တဲ့ သတ်ပုံမှန်လက်ရေးစာ...