Gray baby syndrome ဂရေးဘေဘီ ဆင်ဒရုမ်း

မင်္ဂလာပါဆရာ။ ဟိုတခါ Gray baby syndrome အကြောင်းလေးသိချင်လို့ Chat box မှာမေးထားတာလေး ဆရာ အချိန်ရရင်အားတဲ့အချိန်လေး ပြန်ဖြေပေးပါဦး။ ကျေးဇူးတင်ပါတယ်။

Gray or Grey syndrome လို့လည်းခေါ်တယ်။ ဖြစ်တာ ရှားတယ်။ ဖြစ်ရင် ဆိုးတယ်။ ကလေးငယ်လေးတွေ Chloramphenicol ဆေးနဲ့မတည့်ရင်ဖြစ်တယ်။

ဆေးပေးပြီး ၂ ရက်ကနေ ၉ ရက်မှာဖြစ်တယ်။ အစားပျက်မယ်။ အန်မယ်။ ဝမ်းစိမ်းသွားမယ်။ အရေပြား မီးခိုးရောင်ဖြစ်လာမယ်။ သွေးဖိအားကျမယ်။ အောက်စီဂျင်မဝလို့ပြာမယ်။ ကိုယ်အေးစက်နေမယ်။ ပျော့ခွေနေမယ်။ ဗိုက်ဖေါင်းနေမယ်။ အသက်ရှူမမှန်ဖြစ်မယ်။ နှလုံးအလုပ်မနိုင်ဖြစ်မယ်။ ၄ဝ% သေဆုံးရတယ်။

မတည့်တဲ့ဆေး ရပ်ရမယ်။ နောင်လဲ ရှောင်ရမယ်။ Exchange Transfusion သွေးလဲကုသဘို့လိုနိုင်တယ်။ Phenobarbital ဆေးတာလည်းရှိတယ်။ အောက်စီဂျင်ပေးရမယ်။ Haemodialysis (သို့) Peritoneal dialysis လုပ်ရနိုင်တယ်။ Charcoal hemoperfusion ဆေးလည်းသုံးနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၆
၂၅-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး