တခု တကောင် တယောက်

တကျောင်းတည်းနေခဲ့တဲ့ သူငယ်ချင်းက လှမ်းပို့တာပါ။ အရင်ကလည်း စာသားတွေကို တခြားတယောက် နှစ်ယောက် ပို့ပေးဖူးတယ်။ ဆယ်တန်းရောက်တော့ ကျွန်တော်က သိပံ္ပဘာသာတွဲနဲ့ သူက အိုဘီ ခေါ် စိတ်ကြိုက်မြန်မာစာ ယူတယ်။

https://www.facebook.com/photo.php?fbid=1038156819670391&set=a.112066265612789.20753.100004282482525&type=3&theater

ကျွန်တော်တို့က အင်္ဂလိပ်စာကို လေးတန်းအောင်ပြီးမှသာ စသင်ခဲ့ရတာ။ စစချင်း အလွတ်ကျက်ခဲ့ရတာက အေ = တခု၊ တကောင်၊ တယောက်။

၁၉၈ဝ ခုနောက်ပိုင်းမှာ မှန်နေပြီးသား တခု၊ တကောင်၊ တယောက်ကို အမိန့်နဲ့ ပြောင်းရေးစေခဲ့တယ်။

အမှားတွေကို ထောက်ပြပေးနေသူတွေရှိလို့ တဖြည်းဖြည်းနဲ့ အမှန်အတိုင်းပြန်ရေးနေသူတွေ တနေ့ထက်တနေ့ တိုးလာတယ်။ တစ်ခါတစ်ရံ၊ တစ်ခါတစ်လေ၊ စသဖြင့်ရေးတာတွေတွေ့တိုင်း ပဉ္စမတန်းကျောင်းသားဘဝက မီးနင်း စာအုပ်လေးကို ပြန်သတိရတယ်။

တခု၊ တကောင်၊ တယောက်ကြောင့် မြန်မာစာ ကမောက်ကမဖြစ်ခဲ့ရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး