ငြိမ်း နှင့် ညိန်း

ဆရာ။ ဂီတနက်သန် ကိုစောညိန်း၊ မန္တလေးက ကဗျာဆရာ စံညိမ်းဦး (သူ့ရှေ့မှာ ငြိမ်း လို့မှားရေးဖူး။ သူ မကြိုက်။ ပြင်ခိုင်း။ ယခုခေတ် နာမည်များ ငြိမ်း လို့ ရေးကြ။ ညိန်း၊ ညိမ်း၊ ငြိမ်း။ ရှင်းပြပေးပါဦး ဆရာ။

ငြိမ်း
ငြှိမ်း၍ငြိမ်းသည်
ငြိမ်းချမ်းရေး
ငြိမ်းအေး
ပြေငြိမ်း
ရန်ငြိမ်း
မီးငြိမ်း
ငြိမ်းချမ်းသာယာ
ဦးငြိမ်း
ဒေါ်ငြိမ်း

ညိန်း နဲ့ ညိမ်း လို့ သတ်ပုံကျမ်းတွေမှာ မတွေ့ပါ။

လူအမည်ကိုတော့ ကြိုက်သလိုပေါင်းလေ့ရှိကြတယ်။ သူတို့အမည်ကို သတ်ပုံပြင်တာ မကြိုက်ကြပါ။ မအေးနဲ့ မဧ။ ဦးဘို နဲ့ ဦးဗိုလ်။ ဥူးမျင့်သိဏ်း။ သူတို့သဘောသာဖြစ်ပါတယ်။ အနုပညာရှင်နာမည်တွေကိုလည်း ဦး-ဒေါ် စတာမျိုး အသက်ရွယ်ကြီးပါစေ မထည့်အပ်ပါ။

ဂီတနက်သန် ကိုစောညိန်း ၏ တေးများ https://www.youtube.com/watch?v=Dl3BUTqj5qs&list=PLNWS_sXLWyO7Gy5NOA4zhn-76zs6nhBSU&index=2&t=0s

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး