မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာတွေ

ဆူးညှောင့်ခလုတ်နဲ့ ဆူးငြှောင့်ခလုတ် (ခလုပ်) ဘယ်ဟာမှန်လဲ။ ရှင်းပြပေးစေချင်ပါတယ်။ အငြင်းပွားနေလို့ပါ။

မီးခလုတ်
ဆူးငြောင့်ခလုတ်
ခလုတ်တံသင်း

မိဘတွေအား လုပ်ကျွေးပြုစုပါ
လုပ်ငန်းဆောင်တာ ကောင်းပါစေ
လုပ်ရည်ကိုင်ရည်ပြည့်ဝစေ
လုပ်ရပ်ကောင်းပါစေ
လုပ်လဲ့လုပ်လီ သီကရီနှင့်
ထမင်းတလုတ်ကျေးဇူးကြီးမား၏
ဆွမ်းတလုတ်အလှူပြုပါ
ပလုတ်ကျင်းဆေးပါ

သေပစေ ရင်ကို မြေကတုတ်လို မဆုတ်မတွန့် မရွံ့တဲ့သူတွေ သတ္တိပြောင် ထောင်ထောင်မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာညီပေ မြင်းသည်တော်တွေ ခြေသည်တော်တွေ၊ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာတွေ၊ အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ (မြို့မငြိမ်းရေး နတ်ရှင်နောင်)

https://www.youtube.com/watch?v=dHz_aDQ7-Oc

ဒေါက်တာတင့်ဆွေ
၂၃-၇-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်