Discipline ကျွန်ုပ်သည် ကိုယ်ပိုင်စည်းကမ်းထားသူဖြစ်၏

ကွန်မင့်တခုရတယ်။ မန့်ရင်ရုပ်ပုံမပို့ရ စာရေးရင်သတ်ပုံမမှားရ မေးခွန်းမေးရင်စာမဖတ်သူမမေးရ မေးရင်ဦးလေး အန်ကယ် သား သမီး နာမ်စားမသုံးရ ဆရာကြီးနဲ့အန်တီသက်ရှည်ကျန်းမာပါစေရှင့် (စိတ်မဆိုးပါနှင့်ဆရာကြီး) တဲ့။

သတ်ပုံမှားလို့ မဖြေတာ အခုထိ တခုမှ မရှိသေး။
သမီး သားရေးလို့ မဖြေတာ အခုထိ တခုမှ မရှိသေး။
ပုံတွေ လင့်တွေ မပို့ပါရန်ကို ၃ ကြိမ်ထိမလိုက်နာသူတွေကိုတော့ ဘလော့တယ်။ ဆောရီး။
ဆရာကြီးရေးတာတိုင်းက ကြီးစာလုံးကို ဖျက်ပါတယ်။ ဆောရီး။

သတ်ပုံ စာရိုက်မပြင်ရတဲ့မေးခွန်း ၁၀% ထက်နည်းတယ်။ မဖြေရင် အလုပ်လက်မဲ့ဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး