Swab test စစ်ဆေးနည်း

ဆရာရှင့် သမီးက့ နိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေပါတယ်ရှင့့် နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနရဲ့သတ်မှတ်ချက်အရ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်ကိုင်နေသူအားလုံး ၂ ပတ် ၁ခါ Swab test စစ်ရပါတယ်ရှင့် သမီးသိချင်တာက အဲ့လို ၂ ပတ် ၁ခါ အကြိမ်ရေများစွာ (ဘယ်တော့ရပ်မည်မှန်း မသိ) နှာခေါင်းထဲ စမ်းသပ်တံထည့်ပြီး စမ်းသပ်ခြင်းဟာ အခန့်မသင့်ရင် နှာခေါင်းပိုင်းဆိုင်ရာ အန္တရာယ် ဖြစ်နိုင် မဖြစ်နိုင် သိချင်လို့ပါရှင့် မင်္ဂလာပါဆရာ အသက်၂၈ နှစ် ပါဆရာ

စမ်းသပ်ရာမှာသုံးတဲ့ ဆွဘ် ခေါ် ဂွမ်းစ၊ အင်စထူးမင့် ခေါ် ကရိယာတွေအားလုံး ပိုးသန့်ထားတယ်။ တခါသုံးတွေများတယ်။ စိုးရိမ်စရာ မရှိလောက်ပါ။

ဟုတ်ကဲ့ဆရာ သူတို့က တခါသုံးတွေပဲ သုံးပါတယ်ရှင့်  လက်အိတ်လဲ တယောက်ပြီးတိုင်း တခါ လဲလှယ်တာတွေ့ပါတယ် အဲ့လို နှာခေါင်းထဲ စမ်းသပ်ကိရိယာ ခဏခဏ ထည့်ပြီး စမ်းသပ်တာ ရေရှည်ဆို နှာခေါင်းအမြှေးပါး ထိခိုက်တာမျိုး ဖြစ်နိုင်မလားရှင့်။

ဆေးရုံတွေက လူနာကို ပိုဆိုးစေမှာမျိုး မလုပ်ကြပါ။ ဘာမှမလုပ်တာနဲ့စာရင်တော့ ထူးတာရှိမယ်။ သွေးဖေါက်စစ်တာနဲ့ နှာခေါင်းစစ်တာ မတူ။ ဗိုက်ခွဲတာနဲ့ လက်ပရိုစကုပ်ပီ ခေါ် ကိရိယာသုံးခွဲတာ မတူ။ ရိုးရိုးခွဲစိတ်ဒါးနဲ့ လေဆာဒါး မတူ။ ဆေးထိုးတာနဲ့ ဆေးသောက်တာ မတူ။ ပါးစပ်ကဆေးသောက်တာနဲ့ ဆာပိုဇစ်ထရီ ခေါ် စအိုကနေဆေးထည့်တာ မတူ။

သတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ မြန်မာပြည်မှာတော့ သတ်ပုံမှန်ရေးရင် သတ်ပုံမှန်ရေးရင် စာမေးပွဲကျ။ အလုပ်မရ။ အလုပ်ပြုတ်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး