ပျိုးကြဲလေတိုင်း ညို့ညို့ဆိုင်း၍

ဆရာ ဆံပင်ကြဲ၊ ဆံပင်ကျဲ ဘယ်ဟာအမှန်ရေးရလဲရှင့်

အမြင်အရကျဲနေသည်။ အပေါ်က ကြဲချသည်။

ကျိုးကျိုးကျဲကျဲ
ကျိုးတိုးကျဲတဲ
ကျဲတောက်တောက်
စွန့်ကြဲပေးကမ်း
ဆန်ခါကျဲ
ထင်တိုင်းကြဲ 
ထိတ်ထိတ်ကြဲ
ကြဲခင်း
ကြဲဖြန်း
ကြဲဖြန့်
နည်းနည်းနဲ့ ကျဲကျဲဝိုင်း
ပျိုးကြဲ
ဖွာလန်ကြဲ 
ဖူးစားကျဲ 
ဗုံးကြဲ 
မစိပ်မကျဲ
မပျစ်မကျဲ
မျိုးကြဲ 
ပြန့်ကျဲ 
ဖြန့်ကြဲ 
သွားကျဲ
အစိပ်အကျဲ
နေပူကျဲကျဲ
နေပူကျဲကျဲ
မြှောက်ကြဲ
နှမ်းကြဲ

မိုးပြာပြာမှာ မှိုင်းစေပါနှင့်၊
သို့ပါသော်လဲ၊ မိုးတိမ်ခဲတို့
ပျိုးကြဲလေတိုင်း၊ ညို့ညို့ဆိုင်း၍
ဝေမှိုင်းပါစေ ရွာပါစေ။ (မောင်ကြော့ဦး)

အကာဆူးခက် အင်ဖက်အမိုး ကျူရိုးတိုင်ထူ နေပူကျဲကျဲ ဝက်သိုက်ထဲတွင် အုတ်ခဲခေါင်းအုံး အိုးတလုံးဖျာမရှိ ဘူမိကမ္ဗလာ မြေမွေ့ယာနှင့် ချူချာတော်မူလှသော ခုခေတ်မြန်မာစာ။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး