ကြောင်တရုပ် နှင့် ကြွက်တအုပ်

မြန်မာစာမှာ မူကွဲတွေ အများကြီးရှိတယ်။ တခါတရံ၊ တခါတလေကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ပလီတာ။
ကစွန်း နဲ့ ကန်စွန်း၊
ကျမ္မာ နဲ့ ကျန်းမာ၊
ငပိ နဲ့ ငါးပိ၊
တရုပ် နဲ့ တရုတ်၊
ဒါး နဲ့ ဓါး၊
ပဌမ နဲ့ ပထမ၊
မုံ့ နဲ့ မုန့်၊
ယက္ကန်း နဲ့ ရက်ကန်း၊
မြမ္မာ နဲ့ မြန်မာ၊
လက်ဖက် နဲ့ လ္ဘက်၊
သမတ နဲ့ သမ္မတ။

မြန်မာစာမှာ ဖေါ်မြူလာတွေထွင်ကတည်းက သင်လေချာလေဖြစ်ရတော့သည်။
(၁) မ နောက် ဘဲ လိုက်။
(၂) ခင်ငူဂေါဒေါပုံဝ။
(၃) ရေတွက်လို့ရရင် တစ်။

တရုပ်ကို တရုတ်ရေးကတည်း တရုပ်စေသည့်ကျွန် တရုတ်ထွန်သည့်နွားဖြစ်ခဲ့ပြီ။
ဒါးကို ဓါးလို့သာရေးစေအမိန့် ပေးကတည်းက ငှက်ကြီးတောင်ကို မသုံးရတော့ပြီ။
မုံကို မုန့်လိုရေးမှသာ စားစရာလို့ ထင်ကြတော့သည်။
တကျပ်ကို စသတ်ခိုင်းကတည်းက ငွေတန်ဖိုးကျလာသည်။
အရင်က ဗမာစာလုံးနေရာတွေကို မြန်မာလို့ လိုက်ပြောင်းတော့ တိုင်းပြည်အဆင့် ၁၉၀ ဖြစ်သွားသည်။

စကားလုံးနောက် ကောက်ကောက်ပါလိုက်ကြလို့ တိုင်းပြည် နောက်ကောက်ကျကာ ကျန်ရစ်ပြီ။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂၀၂၀

Comments