လက်ရေတပြင်တည်း

လက်ရေတပြင်တည်း နှီးဒေါင်းလန်းတွေနဲ့ ဝိုင်းဖွဲ့ကာ စားကြသည့်ခင် မဒီယဉ် ခပ်ငယ်ငယ် မြူးပျော်ကြ တေးဆိုကြ ဟေ့ သူငယ်ချင်းရေ ဒို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမဲ မိုး ရွာမလိုလိုနဲ့ဘဲ
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြည်တည်း ရှေးကတော့ ပိုချစ်ကြတယ်။
တောရွာသူတို့ အိမ်မယ် မိန်ဘွယ်ပါ့ထမင်း မိုးမျှော်ငြုပ်သီးထောင်းနဲ့ ကိုဗိုကေရယ် ဒေါင်းလန်းကြီးရဲ့အလယ်
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။
မိုးတိမ်ရံကာကွယ် ယာလယ်ပြင်လမ်းမှာလ ထန်းပင်ထန်းရွက် ထန်းလက်တွေက အသွယ်သွာ်ပါကွယ်
မြယဉ်တို့ရွာ ရိုးရာဇာတိနွယ် သြော် လမ်းစဉ်လမ်းဆက် လမ်းမျက်စိတောင်မှ လယ်ပါတယ်ကွယ် ပျိုရဲ့ညိုနွဲ့ ကြိုလှည့်ပါဆံကေသွယ်
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြည်တည်း ရှေးကတော့ ပိုချစ်ကြတယ်။
ချောင်းပေါ်မှ ဖြတ်လာရှာတဲ့ ပုတပ်ကလေးတွေ နီကျင်ကျင်ရယ် နွယကြိုးရှည်နဲ့သွယ် သြော် ငယ်မူမပျောက်နိုင်လို့ ပျော်လောက်ဖွယ် ယဉ်ယဉ်ရယ် လွမ်းပါဘိတယ် ဒို့ဇာတိနွယ် ကိုယ့်ဇာတိနွယ် နှစ်တိုင်းဆက်ထွန် ကြက်သွန်ခင်းရဲ့အလယ်
ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတပြည်တည်း ရှေးကတော့ ပိုချစ်ကြတယ်။

နန်းတော်ရှေ့ဆရာတင်ရဲ့ ဒီသီချင်းကို စာသားမူကွဲတွေနဲ့ ရေးကြတယ်။ သီဆိုကြတယ်။

တချို့က လက်ရည်(တစ်)ပြင်တည်းလို့ ရေးထားတယ်။ သီချင်းကောင်းလျက် စာသားဖျက်၏။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး