စကားလုံး နိုင်ငံရေး




နိုင်ငံတခုလုံး ကိုယ်စားပြုရင်မြန်မာနဲ့ ဗမာ ဘယ်အရာကမှန်ပါသလဲဆရာ။ ဘယ်အခေါ်ဝေါ်က လူမျိုးစုအားလုံးအတွက် ကိုယ်စားပြု ပါသလဲ။

ဗမာနဲ့ မြန်မာ ၁၀ ကြိမ်မက တင်ပြထားတယ်။ စကားလုံးကို သူ့နေရာနဲ့သူ သုံးနိုင်တယ်။ အဲလိုရှိခဲ့တာကို ကိုယ်လိုသလို ထင်သလို လျှောက်ပြောတာ ပြောင်းတာ မမှန်ပါ၊ လိမ်တာသာဖြစ်တယ်။

တို့ဗမာအစည်းအရုံးရှိတယ်။ တို့မြန်မာအစည်းအရုံးလို့ မပြင်ရပါ။ ဗမာပြည်သည် - တို့ပြည်၊ ဗမာစာသည် - တို့စာ၊ ဗမာစကားသည် - တို့စကား။ အဲလိုရှိခဲ့တာကို မပြင်ကောင်းပါ။

တို့ဗမာသီချင်းရှိတယ်။ တို့မြန်မာသီချင်းလို့ မပြင်ရပါ။
တကောင်းအဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့ မညှိုး ဂုဏ်တေဇာ ၊ ယိုးဒယားနှင့် ကုလားကိုပါ၊ တိုက်ခိုက်ခဲ့ကာ အောင်ခဲ့တာ တို့ဗမာ၊ စိန်မှန်ကင်းအစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်းတလှည့် ကြုံရ၊ ထုံးနှင့်မသွေ၊ လောကဓမ္မတာပေ၊ ငါတို့ ကံခေ ဖြစ်ရပြန်သလေ၊ သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့ပြေ။
နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား (တို့ဗမာ ငါတို့ဗမာ)၂ (ဒါ ငါတို့ဗမာ)၂ အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ နောင်လာနောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ တို့ဗမာဖို့ပါ၊
သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ။
(သံပြိုင်) ကမ္ဘာမကြေ ဗမာတွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ) ၃
(တို့ဗမာ)၂ ပြေကို တိုင်းရင်းသား အကုန်အစင်၊ တို့ပြေလို့ မှတ်ထင်၊ တို့ဝတ္တရားပင် တို့ဗမာသခင်။
အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ၊ ဪ အမျိုးသားရေး ကြိုးပမ်းကြပါ၊ တို့ဗမာ ဟေ့ တို့ဗမာ၊ အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ၊ တို့ဗမာ ဟေ့တို့ဗမာ၊ ဗမာပြည်တဝှမ်း အကုန်၊ တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ။

ဝိုင်အမ်ဘီဆရာတင်ရေးတဲ့ တို့ဗမာသီချင်းကို မူရင်းစာသားကို ကူးတင်တာ၊ ထုတ်ဝေတာနဲ့ ကျောင်းသုံးစာအုပ်ထဲမှာ သတ်ပုံနဲ့ စာသား မှားနေတာတွေ တွေ့ရတယ်။ မလုပ်ကောင်းပါ။ ကျောင်းသူကျောင်းသာတွေကို အမှားတွေ သင်မပေးအပ်ပါ။ အမှားသာသိသူတွေက အမှားလက်ဆင့် မကမ်းသင့်ပါ။ ပြင်ကြပါ။

မြန်မာ့မျက်ပွင့် (ဇေယျ) ကို ဗမာ့မျက်ပွင့် မလုပ်ရပါ။

1. Adjective မြန်မာဆိုသော နာမဝိသေသန https://doctortintswe.blogspot.com/2018/02/adjective.html
2. Ancient Burma ရှေးမြန်မာတွေ https://doctortintswe.blogspot.com/2016/01/ancient-burma.html
3. Burma Vs Myanmar (1) မြန်မာဆိုတာဘာလဲ (၁) https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-1.html
4. Burma Vs Myanmar (2) ဗမာနဲ့ မြန်မာ (၂) https://doctortintswe.blogspot.com/2015/06/burma-vs-myanmar.html
5. Burma Vs Myanmar (3) မြန်မာဆိုတာဘာလဲ (၃) https://doctortintswe.blogspot.com/2016/04/myanmar-vs-burma.html
6. Interpreters မြန်မာပြန်သူများ https://doctortintswe.blogspot.com/2017/12/interpreters.html
7. Myanmar Vs Burma ပစိဖိတ်သမုဒ္ဒရာနဲ့ ဧဝရက်တောင် https://doctortintswe.blogspot.com/2017/06/burma-vs-myanmar-3.html
8. Myanmar မြန်မာဆိုတာဘာလဲ http://doctortintswe.blogspot.com/2015/06/myanmar.html
9. Slave and Subject ကျွန်ဆိုတာ ဘာလဲ https://doctortintswe.blogspot.com/2019/01/slave-and-subject.html
10. The Eight State ဗမာ နဲ့ မြန်မာ (သို့) အဋ္ဌမပြည်နယ် https://doctortintswe.blogspot.com/2016/09/the-eight-state.html
11. တို့ဗမာ သီချင်း (နောင်ဥဒါန်း ဘယ်မကျေ)။ တေးရေး - ဝိုင်အမ်ဘီဆရာတင်။ တေးဆို - သန်းမြတ်စိုး
12. တို့ဗမာအစည်းအရုံး https://doctortintswe.blogspot.com/2016/07/blog-post_35.html
13. ဗမာ နဲ့ မြန်မာ မောင်သာနိုး http://itvlibrary.blogspot.com/2016/09/blog-post.html

ယခုတော့လည်း ဗမာပြည် ရေတက်ငါးစင်ရိုင်းလိုပ ပုံခိုင်းလို့ဆိုပြန်သည် ကောက်ရိုးမီးတမျှ ဝုန်းကတည်းထသည်
ပြီးတော့တလီ ကျွန်တော့်အသဲထဲမှာ စွဲလောက်အောင် နာပြန်ပါသည် ဆော်ဒါလင်မနစ်ရည် ဖေါက်လိုက်ရင်မြည်သတဲ့ ဘာသာခြားနဲ့ အများကဆိုပြန်သည် အဲတာကြောင့် မခံချင်သည် စံတင်လို့ပြကြစို့ရဲ့ အမှန်ပင်ဝီရိယနဲ့ ဗမာမှန်သမျှ လုပ်ပြစေချင်သည် (ဇွဲ သီချင်း)

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး