Labor Room Politics ရွေးကောက်ပွဲ နှင့် သားဖွားခန်း

လွန်ခဲ့တဲ့ ၅ နှစ်တိတိက ရေးတာ။ အမတ်လောင်းတွေ ရွေးနေချိန်မှာ အသံတွေအတော်ထွက်တယ်။ ငြီးညူသံလည်း ကြားရတယ်။ အက်ကွဲနေအောင် အော်သံလည်းပါတယ်။ နေရာတိုင်းမှာတော့ မဟုတ်ပါ။

ကျွန်တော်က ပြည်ပနိုင်ငံရေးလုပ်နေယင်း နယူးဒေလီမှာ သားဖွားခန်းဖွင့်ခဲ့သူ။ သားဖွါးခန်းမှာလည်း သည်အတိုင်းပဲ။ အသံကျယ်ကျယ်လည်းကြားရမယ်။ ဆဲတာဆူတာလည်း နည်းနည်းပါးပါး။ ကျိတ်မှိတ်ပြီး ခံနိုင်ရည်သူတွေလည်းမရှားပါ။

ဘာသံတွေဘယ်လိုထွက်နေနေ အားလုံးကို ရိုရိုးမွေးနိုင်တာတွေချည်းပါပဲ။

တချို့ကိုတော့ ခက်ခက်ခဲခဲ။ တချို့ကိုတော့ ထမင်းတနပ်နှစ်နပ် မစားရ၊ တချို့ကိုတော့ အိပ်ရေးတညနှစ်ညပျက်ရအောင် မွေးယူရတယ်။ ဆေးသွင်းပေးရ၊ ချုပ်လုပ်ပေးရတာတွေလည်း ပါတာပေါ့။

နောက်ဆုံးမှာ မိခင်ရောကလေးပါ ကျန်းမာကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၇-၂၀၁၅
၂၀-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး