ဖြန်းကာပက်လိုက်မယ် ကျန်းမာလျက်ရွှင်လန်းစေ

မေတ္တာရေချမ်း ကိုယ်စီဖြန်း ဖျန်း အေးချမ်းကြပါစေမှာ ယပင်း ယရစ် ဘယ်တခုက အမှန်ပါလဲ သိပါရစေ ရှင်

ဖျန်း
ဆွတ်ဖျန်းသည်
နံ့သာရည် ဖျန်းသပ်သည်
ပက်ဖျန်းသည်
ဖျန်း၍ပြောသည် (မူရင်းသတ်ပုံ)
ဖျန်းဆွတ်သည်
ဖျန်းပက်သည်
ဖျန်းသန်းသည် (မူရင်းသတ်ပုံ)
ဖျန်းသပ် (နံ့သာရည်လိမ်းသပ်)
ကြက်သီးဖျန်း (မူရင်းသတ်ပုံ)
မီးကိုရေဖြင့်ဖျန်းသည်

ဇလပ်ဝါ ခတ္တာခပါတဲ့၊ သာတန်ဆောင် ဝါခေါင်လတွင်မှ ပွင့်ဖူးကြချိန်အမှန်၊ ဝသန္တ လေချိုဖျန်း။  (ဒဟပ်ပန်း)

ဖြန်း
ညာဖြန်းပြောသည် (နောက်ရေးသတ်ပုံ)
တရားဘာဝနာ စီးဖြန်းပါ
ကြက်သီးဖြန်းဖြန်းထသည် (နောက်ရေးသတ်ပုံ)
ဖြန်းခနဲ
ဖြန်းဖြန်းကွဲသွားသည်
ဖြန်းဖြန်းကျိုးသွားသည်
ဖြန်းသန်းပြောသည် (နောက်ရေးသတ်ပုံ)
သွေးလေဖြန်းသည် (တိုင်းရင်းဆေးအခေါ်)

ရေသဘင်ဆင်ယင်နွှဲလို့ မိတ်ဆက်တွေ့ဆုံပေ တကယ်မောင်ရင်းနှမရင်းတွေ ချစ်ကြည်ရေးတွေပေးဝေ ဖြန်းကာ ပက်လိုက်မယ် ကျန်းမာလျက်ရွှင်လန်းစေ နှစ်သစ်ခါဦး ကြည်နူး ထူးမြတ်ပေ အောင်သပြေ နိမိတ်ကောင်းယူမယ်လေ နှစ်စဉ်တွေ့စေကြောင်း ဆုတောင်းလို့သာ ဦးညွှတ်ကာချွေ တေးသံပေးလို့လေ ညင်းသွဲ့သွဲ့သာယာပေ။

ဘယ်တခုကလို့ ပြင်လိုက်တယ်။ ဆောရီး။ ကျောင်းတွေ ရုံးတွေမှာတော့ အမှန်တိုင်း မရေးလေနဲ့။

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး