မြန်မာကီးဘုတ် ပညာရှင်များသို့

ကျွန်တော်သည် မေးခွန်းများကို ဖြေကြားပေးနေသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပါသည်။ ယခုနောက်ပိုင်း မေးခွန်းများတွင် မြန်မာစာအရေးအသားများ အလွန်မှားလာသည်ကို သတိပြုမိပါသည်။ ၎င်း တို့မှာ -
၁။ ရရစ်မပါသောစာများ (ဥပမာ ပြီကို ပီ၊ ပြီးကို ပီး၊ ဖြစ်ကို ဖစ်)
၂။ ဟထိုးမပါသောစာများ (ဥပမာ မှာကို မာ)နှင့်
၃။ ဝဆွဲမပါသောစာများ (ဥပမာ တွေကို တေ) ဖြစ်ကြပါသည်။

မြန်မာစာ မတတ်မြောက်ကြ၍ မဟုတ်ပဲ ကီးဘုတ်ချို့ယွင်းချက်လား သံသယဖြစ်မိလာပါသည်။ သို့ဖြစ်ပါ၍ ယူနီကုဒ် မြန်မာကီးဘုတ်တွင်
၁။ ရရစ်
၂။ ဟထိုး နှင့်
၃။ ဝဆွဲများ ထည့်သွင်းပေးပါရန်နှင့် မေတ္တာရပ်ခံအပ်ပါသည်။

စတုတ္ထတခုမှာ (တ) တလုံးတည်းရေးသားကြခြင်းမရှိပဲ စသတ်နှင့်တပါတည်းတွဲရေးနေကြပါသည်။

သို့ဖြစ်ပါ၍ (တ) သီးသန့်ပါသော မြန်မာကီးဘုတ်ကိုပါ တီထွင်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်

ဒေါက်တာတင့်ဆွေ
၂၇-၇-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး