A Good Surgeon ခွဲစိတ်ဆရာဝန်

ညကရေးခဲ့တယ် လက်။ ခွဲစိတ်ဆရာဝန်လက်ဆိုတာ လေးဒီးစ်ဟင်း ခေါ်တဲ့ ကိုင်တွယ်လုပ်ကိုင်ရာမှာ ညင်သာတဲ့ အမျိုးသမီးများလက်လို ဖြစ်ရတယ်။ အမေရိကန်စကားပုံတခုကို ကိုးကားရေးတာဖြစ်ပါတယ်။

A good surgeon must have an eagle's eye, a lion's heart, and a lady's hand.

ခွဲစိတ်ဆရာဝန်ကောင်းတို့မည်သည် သိန်းငှက် မျက်စိ၊ ခြင်္သေ့နှလုံးသားနှင့် အမျိုးသမီးတို့၏ လက်ချောင်းများ ပိုင်ဆိုင်ရမည်။

သိန်းငှက် ခေါ် စွန်တို့သည် အလွန်မြင့်မားအရပ်ကနေ အောက်မှာရှိတဲ့သားကောင်းကို ကောင်းကောင်းမြင်နိုင်စွမ်း ရှိကြတယ်။ ခြင်္သေ့တို့မည်သည် သားကောင်းကို ငယ်သောကြီးသောမဟူ စိုက်ထုတ်သောလုံ့လ အတူထားကြတယ်။ အမျိုးသမီးတို့၏ လက်ချောင်းများသည် ကိုယ်တွယ်ဆောင်ရွက်ရာမှာ ညင်သာလှတယ်။

ခွဲစိတ်ဆရာ ဝန်ကောင်းအတွက် နောက်ဆိုစကားတခုကလည်း အရေးကြီးတယ်။ မည်သည့်ရောဂါတွေကို မည်သို့ ခွဲစိတ်ကုသရမည်ကို သိသကဲသို့ ခွဲစိတ်ရန်မလိုသည်ကိုလည်း ကောင်းစွာသိရပါမည်။

ကျွန်တော် မေးခွန်းတိုင်းကို မဖြေပါ။ အသက် ကျား မ အချက်အလက် မသိရတဲ့မေးခွန်းတွေကို မဖြေပါ။ မေးတဲ့သူ အသက် ကျား မ သိရလည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေအတွက် အကျိုးမရှိစေလောက်တာမျိုး မေးရင် မဖြေပါ။ အရေမရအဖတ်မရ သတင်းတွေ မေးရင် မဖြေပါ။ မဟုတ်ကဟုတ်ကတွေမေးရင် မဖြေပါ။

နယူးဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်တော့ ဝါသနာပါတဲ့ဒုက္ခသည်တွေက ဆေးခန်းအကူဆရာမနဲ့ ဆေးမှူးတွေအဖြစ် ကူညီကြတယ်။ သူတို့ကို ဆေးကုသရင်း သင်တန်းပေးရတယ်။ အချိန်ကမရပါ။ တနေ့မှာ နှစ်ခွန်းသုံးခွန်းသာ။ အခု စကားပုံလေးလည်း ပြောပြတယ်။ နောက်ရက်တွေမှာ အရည်အချင်း ၃ ရပ်ကဘာလဲ ပြန်မေးတယ်။ ဆရာမ ၃ ယောက်က မှန်တယ်။ ဒါပေမဲ့ လေဒီးစ်ဟင်းန်လို့ မပြောပဲ လေဒီးစ်ဖင်းဂါးတဲ့။ ရုံးပတီသီး။ Smile!

ဒေါက်တာတင့်ဆွေ
၂၅-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး