တစ်ကသိုလ်၏ သင်္ကေတသစ်ပင်


ဆူးပုပ်စာတင်စဉ်က သတ်ပုံမှားကွန်မင့် ၅ ခုလာတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရ သစ်ပုပ်ပင်ကို ဘယ်လို ရေးကြပါသလဲ။ မုံရွာတက္ကသိုလ်က ဆရာတဦးက သစ်ပုတ်ပင်တဲ့။ ရန်ကုန်တက္ကသိုလ်မှာက ပုတ်ရော ပုပ်ရော။ တက္ကသိုလ်ကနေ တစ်ကသိုလ် ဖြစ်လာခြင်းရဲ့ နောက်ဆက်တွဲမကောင်းကျိုးဆက်ဖြစ်ပါတယ်။

ပုပ်
ခင်ပုပ်ငှက်
ဆူးပုပ်ရွက်
ပုပ္ပါးတောင်
ပုပ်စပ်
ပုပ်ပွ
ပုပ်အဲ့အဲ့
ပုပ်စော်နံ
ဝက်ပုပ်ရွာ
သစ်ပုပ်ပင်
သစ်ပုပ်ရွာ
အစိမ်းပုပ်ရောင်
အပုပ်နံ့
မြွေငန်းပုပ်
လငပုပ်ဖမ်း

ပုတ်
စပါးပုတ်
ပါဋလိပုတ်ပြည်
ပုတ်ခတ်ပြောဆို
ပုတ်တလုတ်ကန်
ပုတ်ပြတ်ငှားရမ်း
ပုတ်သင်ညို
ရိုက်ပုတ်သည်
လှိုင်းပုတ်သည်
အိုးပုတ်
ဆောက်ပုတ်လက်နက် (ထုရိုက်စရာ)
ရေလှိုင်းပုတ်
တင်းပုတ်

ပုဒ်
ဇနပုဒ်
နာမ်ပုဒ်
ပုဒ်ထီးပုဒ်မ
ပုဒ်ပါဇ်အကရာ
သိက္ခာပုဒ်

ပုသ်
ဥပုသ်သီလ
ဥပုသ်စောင့်

ပုထ်
ဣရိယာပုထ်

ပုဂ်
ပုဂ္ဂိုလ်
ပုဂ္ဂလိက
ပုဂ္ဂလဓိဋ္ဌာန်

ပုစ်
ပုစ္ဆာ

ပုဗ်
ပုဗ္ဗနိမိတ်
ပုဗ္ဗကြယ်

အညာက တမာလည်း တစ်မာဖြစ်လာစရာရှိနေပြီ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်