Globe ကမ္ဘာကြီးသည် လုံးဝန်း၏
ကမ္ဘာ့တောင်ခြမ်းမှာ နှင်းလျှောစီးတမ်းကစားနေကြတယ်။
ကမ္ဘာ့အနောက်ခြမ်းမှာ အိမ်မောကျနေကြတယ်။
မြောက်ယဉ်စွန်းတန်းဖြတ်သန်းရာ မြန်မာပြည်မှာတော့
- မိုးအကြောင်း၊ မီးအကြောင်း၊
- အာဇာနည်အကြောင်း၊ ရွှေဝါပြည်အကြောင်း၊
- ထန်းသီးအကြောင်း၊ မန်းနီးအကြောင်း၊
- ဗြောတီးတဲ့အကြောင်း၊ ဆောရီးဖြစ်တဲ့အကြောင်း ပြောနေကြသံတွေ ကြားနေခဲ့ရတယ်။
ဒေါက်တာတင့်ဆွေ
၁၇-၇-၂၀၁၇
၁၇-၇-၂၀၂၀

Comments
Post a Comment