ပညာကို အက်ပ်နဲ့ စစ်ဆေးလျှင် မှန်မည်မဟုတ်

ဆရာ မင်္ဂလာပါ၊ တခုစဉ်းစားမိတာလေးပါ၊ laptop တွေ computer တွေမှာ English စာလုံးပေါင်းမှားရင် အနီရောင်ပြသလိုမျိုး မြန်မာကီးဘုတ်တွေမှာ ထည့်မယ်ဆိုရင်ရော အနဲနဲ့ အများ မြန်မာစာလုံးပေါင်းသတ်ပုံ မှန်နိုင်မယ် ထင်ပါတယ်၊ အခု ကီးဘုတ်တွေမှာ အဲသလို မပါတော့ လူတွေက မှားမှန်းမသိတာရော တချက် အမှန်ကို တကယ် မသိတာရော ကြောင့် ပြန်မပြင်ကြတာလို့ရော ထင်မိပါတယ် အမှားပါရင်ခွင့်လွှတ်ပါဆရာ။

မြန်မာစာမှာ စပယ်လင်ချက် ခေါ် သတ်ပုံပြင်အက်ပ် ထည့်သင့်မသင့် စဉ်းစားစရာဘဲ။

မထည့်တာက ပိုကောင်းသေးတယ်လို့ ထင်ပါတယ်။ အခုလိုကာလမှာ ဘယ်သတ်ပုံကျမ်းကို အခြေပြုပြီး အမှန်လို့ ထားမလဲ။ ၁၉၈၇-၁၉၉၀ က မြန်မာစာအဖွဲ့ထုတ်သတ်ပုံကျမ်းက လက်ရှိနိုင်ငံတော်မူ။ အဲဒီစာအုပ်မှာ အမှားတွေ အလွဲတွေနဲ့ လျှာရှည်ထားတာတွေ ပါနေတယ်။ ကန်တော့။ ဆောရီး။

သတ်ပုံပြင်တင် ဒေါင်းလုဒ်စာအုပ်ဖြင့် ပညာယူနည်း မမှန်။ သတ်ပုံအပါအဝင် ပညာတွေကို အက်ပ်နဲ့ တိုင်းတာနည်း မှားတယ်။

ပညာကို အက်ပ်နဲ့ တိုင်းတာနည်း မှား၏။ ပညာကို ပညာဖြင့်သာ နှိုင်းချိန်ရာ၏။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး