Filtered Messages ဇီဇာကြောင်သူ

-  ဆိုတာ ဘာအဓိပ္ပါယ်လည်းရှင့်

ဖရင်းမဟုတ်သေးသူတွေကနေ စာရေးရင် ဖစ်လ်တာ မက်ဆေ့ခ်ျ ထဲသာရောက်တယ်။ အဲတာကိုတွေ့လို့ ဖြေချိန် မရသေးတဲ့အခါ (-) လေးတခုပြန်လိုက်ရတယ်။ အဲလိုလုပ်ထားရင် မက်စင်ဂျာထဲ ရောက်ပြီး ဆက်သွယ်ရေး ပုံမှန် ဖြစ်သွားမယ်။

ဖစ်လ်တာ မက်ဆေ့ခ်ျက ရှာတိုင်းလည်း တွေ့တာမဟုတ်။ တွေ့ပြန်ရင်လည်း မေးခွန်း ၁၀ ခု အခု ၂၀။ အဲတာနဲ့ (-) လေး တခုစီနဲ့ စာပြန်ရတယ်။

ကျွန်တော်က အဲလိုလုပ်ရကောင်းမှန်း အစက မသိ။ သိတဲ့သူတယောက်ပြောပြာလို့ လိုက်ရှာတာ တထောင်ကျော်တယ်။ နားနားစာပြန်ရတယ်။ မောလွန်းတော့ ဆက်မလုပ်နိုင်ဘဲ သည်အတိုင်းထားလိုက်ရတယ်။ တချို့က အထင်လွဲကြတယ်။ အထင်လွဲသူတွေက မမှားပါ။

ကျွန်တော်ကလည်း မေးထားတာကို မသိ။ နေ့တိုင်းလိုက်ရှာပါတယ်။ ဧပြီလဝက်အရင်ကလာတာတွေ အဖြေအားသေးပါ။ ဆောရီး။ ဖေ့စ်ဘွတ်က တချို့အရာတွေမှာ အတော်ကို ဒုက္ခပေးတယ်။ မိတ်ဆွေပျက်အောင်လုပ်တယ်။

ဖေါင့်ကလည်း အတော်ကို ဒုက္ခပေးတယ်။ တသက်လုံးအဆင်ပြေလာခဲ့တာကို ခက်အောင်လုပ်တာ မကြိုက်ပါ။ တသက်လုံးမှန်လာခဲ့တဲ့သတ်ပုံကို မှားအောင်လုပ်တာလည်း မကြိုက်ပါ။ ကျွန်တော် မကြိုက်တာတွေက များတယ်။ ဇီဇာကြောင်သူ။

အခုလိုရှင်းပြရတာ ဆယ်ခါလောက်ရှိပြီ။ လာဦးမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး