Avestalo စိတ်မကျဆေး

ကျွန်မအသက်က ၃၃နှစ်ပါ။ ကိုယ်ဝန်၈လလောက်မှာ Hb E ရှိတယ်ဆိုတာသိခဲ့ရပါတယ်။ OG က အထွေထွေ သမားတော်ကို ပြခိုင်းတဲ့အတွက်ပြခဲ့ပါတယ်ရှင့်။ ကျွန်မ အကြောက်လွန်ပြီး စိုရိမ်စိတ်များတဲ့အတွက် သမားတော်က Avestalo 10mg ပေးပါတယ်။ မမွေးခင်အထိ သောက်ခဲ့ပါတယ်ရှင့်။ အခုကလေးမွေးပြီ ၁လရှိပါပြီ။ မမွေးခင်ကလို တခါတလေ ကြောက်စိတ်ဝင်တတ်လို့ Avestalo 10mg ကို ဆက်သောက်လို့ရပါသလားရှင်။ ကျွန်မပြနေကျ သမားတော်က အပြောင်းပါသွားလို့ မွေးပြီးဆက်မပြဖြစ်သေးလို့ပါရှင့်။ ကလေးနို့တိုက်မိခင် ဖြစ်တဲ့အတွက် သောက်လို့ ရပါသလားရှင့်

Avestalo 10 mg (Escitalopram) ဆေးက စိတ်မကျဆေးဖြစ်တယ်။
ဘေးထွက်သက်ရောက်မှုများ
Drowsiness အိပ်ချင်
Nausea ပျို့
Insomnia difficulties အိပ်မပျော်
Dizziness ခေါင်းမူး
Reduced sexual interest လိင်စိတ်နည်း
Mouth dryness အာခေါင်ခြောက်
Yawning သန်းဝေ
Weight alterations ကိုယ်အလေးချိန်ပြောင်းလဲ
Disturbed abdomen ဗိုက်မကောင်း
Gas လေပွ
Sickness နေမကောင်း
Constipation ဝမ်းချုပ်
Ringing in the ears နားထဲအသံမြည်

ကလေးနို့တိုက်စဉ် 10-20 mg သောက်လည်း စိုးရိမ်စရာ မရှိလောက်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး