အတူတူ ဘယ်သူ အရင်ရောက်မလဲ

အတူလျှောက် ဘယ်သူအရင်ရောက်မလဲ
အရင်ရောက်သူ ဆုယူရန်မဟုတ်
တာတို မဟုတ် တာလတ် မဟုတ်
မာရသွန်ခရီး ဟုတ် လမ်းခုလတ် လဲချင်လဲမည်ဟုတ်
တာထွက်ခရာသံ ကြားခဲ့ရမည် ဟုတ်ချင်မှဟုတ်
ပြေးလမ်းသည် ပန်းတိုင်ဆီ ဦးတည်မည် ဟုတ်ချင်မှဟုတ်
မာရသွန်ခရီး ဂုံနီအိတ်စွပ်ပြီး ပြေးလျှောက်ရန်ဟုတ်
တာဝေးလမ်းပေါ် အာလူးဇွန်းကိုက် ပြေးလျှောက်ရန်ဟုတ်
ကျန်ရစ်သူ ဆက်လျှောက်ရမည်ဟုတ်
အရင်ရောက်သူ ဆုယူရန်မဟုတ်။   ။

အတူတူ မနက် နေ့ ညစာစား
အတူတူ မြူ မိုး နှင်းတွေကြား
အတူတူ လေမတူ မြေမတူ ရေမတူ နိုင်ငံတွေများ
အတူတူ အယူ ကိုးကွယ်ရာတရား
အတူတူ အလှူ ပေးကမ်းစရာ စေတနာထား
အတူတူ ဘယ်နှစ်ဆူဘုရား ဆုပန်မနား
အတူတူနား သည်စာအဆုံးသတ်ဖို့ တယောက်ချန်ကာသွား
သံသရာဟူသည် လူတိုင်းအတွက် အတူတူပါတကား။   ။

(ပုံ ၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့ မန္တလေး မဟာမုနိဘုရားမှာ)

ဒေါက်တာတင့်ဆွေ
၃၁-၇-၂၀၁၈
၃၁-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး