ဆုံဆည်း

၁။ ဆရာ ဆုံစည်းရာ ဆုံဆည်းရာ ဘယ်လိုကွာပါသလဲ

၂။ ဆုံစည်းရာလား ဆုံဆည်းရာလား ဘယ်ဟာ အမှန်လည်း

၃။ ဆရာရေ 7 Day Tv က ဇာတ်လမ်းတွဲနာမည်ကို ဆုံစည်းခွင့်လို့ သုံးသွားတယ်။ ကျနော်က ဆုံဆည်းခွင့်လို့ ထင်နေတယ်။ ဆုံစည်းနဲ့ ဆုံဆည်း စတဲ့အသုံးလေးတွေ ရှင်းပြစေချင်ပါတယ်။

စစ်အစိုးရတက်မှ မြန်မာစာအဖွဲ့ကထုတ်တဲ့ အဘိဓာန်မှာ ဆုံစည်း။ အွန်လိုင်းသတ်ပုံကျမ်းမှာလည်း ဆုံစည်း။ ကဝိဓဇသတ်ပုံကျမ်းမှာ ဆုံဆည်း။ ဝဏ္ဏဗောဓနသတ်အင်းမှာ ဆုံ့ဆည်း။

ဆုံ
ကံဆုံသည်
ကဆုံပေါက်ပြေးသည်
ငရုတ်ဆုံ
ဆုံကုန်းရွာ
ဆုံကျည်
ဆုံဆည်း
ဆုံဆီ
ဆုံဆို့နာ
ဆုံတားရွာ
ဆုံလည်ကုလားထိုင်
ဆီဆုံ
တင်ပါးဆုံ
ကြိတ်ဆုံ
မင်းကတော်ခင်ဆုံ
လက်ဆုံစားသည်
လမ်းဆုံလမ်းခွ
တွေ့ဆုံ
ပေါင်းဆုံ
မောင်းဆုံ

ဆည်း
ခိုက်ဆည်းရန်ရှာ
ဆုံဆည်းသည်
ဆည်းကပ်သည်
ဆည်းဆာအချိန်
ဆည်းပူးလေ့လာ
ဆည်းလည်းသံ သာယာသည်
ပညာဆည်းပူးပါ
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်

စည်း
စည်းကမ်းရှိပါ
စည်းခုံစေတီ
စည်းချက်ဝါးချက်
စည်းစိမ်
စည်းတန်း
စည်းတိမ်သောင်တိမ်
စည်းထုပ်ဖန်
စည်းကြိုး
စည်းနဲ့ဝါး
စည်းပုံ
စည်းကြပ်
စည်းခြံ
စည်းမဲ့ကမ်းမဲ့
စည်းမျဉ်းထားပါ
စည်းမျဉ်းဥပဒေ
စည်းရိုး
စည်းလုံး
စည်းလုံချည်
စည်းလွတ်ဝါးလွတ်
စည်းသား
စည်းသုတ်
စည်းစောင့်ပါ
စည်းဝေးပွဲ
စည်းနှောင်
တင်းတစည်း ဘယ်လောက်လဲ
နယ်နိမိတ်စည်း
ပန်းတစည်း
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ
ကြိုးနှင့် စည်းထားပါ
ဘဝဆက်တိုင်း ဆုံစည်းချင်တယ်
အခွန်စည်းကြပ်မည်
အစည်းအဝေး စတော့မယ်
ဥစ္စာပစ္စည်း ကုံလုံသည်
ရွှေစည်းခုံစေတီတော်

မြန်မာစာအဖွဲ့ကထုတ်တဲ့ အဘိဓာန်ပါ နိုင်ငံတော်မူသတ်ပုံမှာ အမှားတွေပါနေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး