ဘုန်းတော်ဘွဲ့မရေး ဆဲစာမရေး ပါတီပြောင်းရန် မရှိ

အန်ကယ်သည် မည်သော အခါမှ reply မပြန်တတ်သူပါ ခု comment ဖတ်မယ် ထင်ပါတယ် comment ဖတ်သည်လို့ ယူဆ ရခြင်းသည် လူ့ သဘော အရပါ အန်ကယ် စစ်အစိုးရ မကောင်းပါဟု အကြိမ်ကြိမ်ရေးသည်ကို တွေ့ရပါသည် ကျွန်တော်လည်း ထောက်ခံပါသည် မကောင်းသည့်အချက် များစွာရှိပါသည် ခု အစိုးရသည် ကောင်းပါသလား အန်ကယ် ခုအစိုးရ၏ ဝေဒနာများအား အဘယ့်ကြောင့် ပြစ်တင် ဝေဖန်ခြင်း မလုပ်ပါသလဲ အန်ကယ် ဝေဖန်ခြင်းသည် တိုက်ခိုက်ခြင်း မဟုတ်ပါ စစ်မှန် ဖြောင့်မှန်ပီး (ပြီး) ချစ်ခြင်း မုန်းခြင်းကင်းစွာ post တင်နိုင်ပါစေ အန်ကယ် အမှန်တရားသည် ဘက်မလိုက်ပါ အမှန်တရားသည် သာမန်လူအတွက်ခါးသည် အမှန်တရားသည် လူတိုင်းမသိမ်းပိုက်နိုင် အမှန်တရား အတိုင်း ဝေဖန်ပေးပါ ချစ်ခြင်း မုန်းခြင်း ကင်းပပါစေ အန်ကယ်

ပြန်ဖြေထားတာ ၂၄ နာရီမပြည့်သေးပါ။ ဝါကျ ၄-၅-၆ ကြောင်းနဲ့မရ။ ၅ နှစ်အတွင်း အင်တာဗျူးများစွာ ဖြေခဲ့ပြီ။

အချုပ်ကတော့ ကျွန်တော်သည် ဘုန်းတော်ဘွဲ့ မရေးပါ။ ဆဲစာလည်း မရေးပါ။

လက်ရှိအစိုးရသည် ကျွန်တော့်ပါတီကအစိုးရဖြစ်သည်။ ကျွန်တော်သည် ၁၉၈၉ ကတည်းက နိုင်ငံရေးပါတီမပြောင်းပါ။ နောင်လည်း ပြောင်းရန်မရှိပါ။

ကျွန်တော့်ပါတီက အစိုးရသည် သိကြားမင်းဖန်ဆင်းထားသည်မဟုတ်။ လူထုက မဲပေးရွေးထားတဲ့ အစိုးရသာဖြစ်သည်။ လူထုသည် လူထုတာဝန်ကျေပြီး အစိုးရသည်လည်း သူ့တာဝန်သူကျေပေသည်။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး