ပြောင်းခင်း

တမြန်နှစ်က ဒီလိုနေ့ အိပ်ရာထကတည်းက ကွန်ပြူတာရှေ့မှာ။ သာမန်ကျန်းမာရေးမေးခွန်းတွေ၊ အရေးကြီးမေးခွန်းတွေ၊ အသစ်ရေးရတာတွေသာမက မေးနည်းစည်းကမ်းမကျ ကွန်မင့်ကနေမေးကြတာတွေ၊ မိတ်ဆွေပျက်စေတဲ့စာတွေ ပို့ကြတာတွေနဲ့ အတော်မောတယ်။ နေ့တဝက်သာရှိသေးတယ်။

အနားမှာ လာထားပေးတဲ့ကိတ်မုံ့ မစားအားပါ။ ကော်ဖီနဲ့ ရေနွေးကြမ်းသာ။ မေးနည်းစည်းကမ်းအရမေးတာ ဘယ်လောက်များများ ဖြေရတာ မောတယ်မထင်ပါ။

မနှစ်က ဒီလိုနေ့ နေ့တဝက်မှာတော့ မဆိုးပါ။ ဒီနှစ် ဒီနေ့မှာလည်း အဆီအငေါ်မတည့်တာတွေ မများလှပါ။ ကျေးဇူး။

ဖေါင့်က ဒုက္ခဆက်ပေးတယ်။ အရုပ်တွေ စတစ်ကာတွေက ဒုက္ခဆက်ပေးတယ်။ သတ်ပုံစာ ရန်ရှာကြတယ်။

သူတို့ဆီက ပြောင်းခင်းတွေ နှစ်တိုင်း ဒီလိုပဲ သန်တယ်။ လှတယ်။ အထွက်ကောင်းတယ်။ အလေအလွင့်မရှိပါ။ မြန်မာပြည်က ပြောင်းခင်းသည် ပြောင်းခြင်းဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၈
၁၇-၇-၂၀၁၉
၁၇-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး