ဘာထူးခြားသလဲ

ယူအက်စ်အေကို ၁၈-၉-၂၀၁၄ နေ့က ရောက်ပါတယ်။ ရောက်ရောက်ချင်း ဘာထူးခြားသလဲ ဒေါ်မမြမြအေးက မမေးပဲ ပြောပါတယ်။ လေရှူရတာ ဝတယ်တဲ့။

ကနေ့ မင်္ဂလာနှစ် ၅၀ ပြည့်နေ့ ထူးထူးခြားခြားတော့ မဟုတ်ပါ။ ဆွမ်းဟင်းတမယ် မနေ့ကချက်ထားကို သွားကပ်ကြတယ်။ ဘုရားပန်းလဲကြတယ။် ဝတ္တုငွေနည်းနည်း လှူပြီး၊ ဗောဓိညောင်ပင်ကို ရေးလောင်းခဲ့ကြတယ်။

အိမ်ပြန်ရောက်တော့ ဒေါ်မမြမြအေးက မမေးပဲ ပြောပါတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ အသက်ရှူရတာ ဝတယ်တဲ့။ ကျောင်းပတ်လည်မှာ ပြောင်းဖူးခင်းတွေရှိတယ်။

ဒီတိုင်းပြည်ကို မရောက်ခင်က နေခဲ့ကြရတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာနှစ်ပေါင်း ၂၀ ကျော် လေမသန့်ပါ။

လေကောင်းလေသန့် ရှူနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂၀၂၀

Comments