Election Fever နိုင်ငံရေးမှာ အမြင်မတူတာ ရောဂါမဟုတ်ပါ

နိုင်ငံရေး သိပ်မရေးပါ။ လုပ်ခဲ့တာလည်းကြာ၊ ပြောခဲ့ဟောခဲ့တာတွေလည်း အတော်ကြာလို့ မေးလာရင် ခက်ရှည်ရှည် မရေးချင်။

တချို့က နားလည်ပုံမရ။ ဘုန်းတော်ဘွဲ့မရေး ဆဲစာမရေး ပါတီပြောင်းရန်မရှိအောက်က ကွန်မင့်တချို့ကို ကျွန်တော်ကလည်း နားမလည်ပါ။

နိုင်ငံရေးမှာ အမြင်မတူကြပါ။ အဲတာ ရောဂါမဟုတ်ပါ။ ကိုယ့်နေရာမှာသာ တင်ကြစေလိုပါတယ်။

ပြည်ပမှာ နိုင်ငံရေးလုပ်ဘော်ကိုင်ဘက်တဦးက အွန်လိုင်းကနေ အမေးအဖြေမှာ ပါမလားလို့ မနေ့က မေးတယ်။ အားနာလို့ ကြည့်သေးတာပေါ့ဗျာလို့သာ ဖြေလိုက်တယ်။

ရွေးကောက်ပွဲမတိုင်ခင် ဘလော့ရမှာတွေ သေချာပေါက်ရှိလာမယ်။ ကွန်မင့်တချို့ကိုတော့ ဟိုဒ်လုပ်နေရပြီ။ ပြည်တွင်းရေးရော နိုင်ငံတကာအရေးပါ အဆီအငေါ် အတော်မတည့်တာတွေ။ အဲတာကတော့ ရောဂါ။

နာတာရှည်တိုင်းပြည်မှာ ရောဂါသည်များတာ မဆန်းလှပါ။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး