တချိန်တုန်းက ညနှင့်လ


တညတုန်းက အေ
ရွးခံရ၏။
တညတုန်းက လာဖမ်းကြ၏။
တညတုန်းက ထွက်ပြေးရ၏။
တညတုန်းက တိုင်းပြည်တခုကနေ နောက်တိုင်းပြည်တခုကို ပြောင်းရွှေ့နေထိုင်ဖို့ ထွက်ခွါရ၏။
တညတုန်းကလို့ ရေးတဲ့ခေတ်မှာ မြန်မာစာသင်ခဲ့ရ၏။ တစ်ညလို့ရေးလာကြတဲ့ခေတ်မှာ လသည် ညစ်ထေးနေ၏။
တညတုန်းက လသာ၏။ တညတုန်းက လကွယ်၏။
တညတုန်းက မိသားစုကို ထားရစ်ခဲ့ရ၏။ တညမှာတော့ မိသားစု ပြန်လည်ဆုံနိုင်ခဲ့ကြ၏။

တချိန်တုန်းက ညတွေ သတ်ပုံမှန်ခဲ့ပါသည်။ နှစ်သုံးဆယ်မှာ လတွေ တိမ်ဖုံးနေပါတော့သတည်း။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ