ဖူးပွင့်ကြတဲ့ ပန်းမာလာ သင်းရနံ့ကဖြာ

ဆရာ ရနံ့ နဲ့ အနံ့ကို ဘယ်လိုသုံးပါလဲ ရှင်းပြပေးပါ။

ရနံ့ထုံသင်းလို့ ကဝိဓဇသတ်ပုံကျမ်းမှာပါတယ်။ အနံ့ကတော့ အ ထည့်လို့ နာမ်စာလုံးဖြစ်လာတဲ့ အနံ့အသက်ကို ဆိုလိုတယ်။ ရိုးရှင်းတယ်။ ကောင်းတဲ့အနံ့၊ မွှေးတဲ့ အနံ့။ နောက်ပိုင်းမှာ စာရေးသူတွေ တရားဟော ဆရာတော်တွေက ရနံ့စာလုံးကို အမျိုးမျိုးသုံးလာကြပါတယ်။
ကိုယ်သင်းရနံ့
စကားဝါပန်းရနံ့
စပယ်ပန်းရနံ့
စာရနံ့
ပန်းရနံ့
ပိတောက်ပန်းရနံ့
မရဏရနံ့
မိုးရနံ့
လွမ်းရနံ့
လူငယ်ရနံ့
သင်းရနံ့
သနပ်ခါးရနံ့
အတွေးရနံ့
အနှိုင်းမဲ့ရနံ့တရားတော်
ဆောင်းရနံ့
ကြေမွခြင်းရနံ့
မွှေးရနံ့သင်းထုံဆဲပါ ဒေါ်ခင်နှင်းယု
နှင်းဆီရနံ့

စန္ဒကိန္နရီသီချင်း
ဂန္ဓမာ စန္ဒာတောင် စုံမြိုင်တန်းမှာ ဖူးပွင့်ကြတဲ့ ပန်းမာလာ သင်းရနံ့ကဖြာ ငှက်ပေါင်းရယ် သာရကာ သံစာစာနဲ့ မြူးတူး ပျော်ကြရှာ

မြောင်ဖီလာ သီတာခွေသွန် ရေတံခွန်ဖြာ မြအသွေးရယ် ကြည်လင်စွာ ခွေကာရစ်လီ မြစ်နဒီ စန္ဒပါ သဲငွေသောင်ယံဦးမှာ စန္ဒာစန္ဒီ ကိန္နရီတို့မှာ ပန်းပေါင်းထွေထွေ ပြာရွှေနီဝါ ဆင်မြန်းကာပဲ ကခုန်မြူးရှာ နန်းမူနန်းယာ ဆန်လှတာ ရွှေလက်တွဲလို့ ချစ်ပွဲဝင်ကာ ပျော်ရရှာ

လှမ်းမယ်ပ မြန်းစို့ ကိန္နရီ ကိန္နရာ အတူမကွာ တွဲကာ နွှဲကာ ဝဲကာပျံကြ လှမ်းမယ်ပ မြန်းစို့ ကိန္နရီ ကိန္နရာ အတူမကွာ တွဲကာ နွှဲကာ ဝဲကာပျံကြ ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့သာ ဖိုမသံ ခေါ်ထူးလို့သာ ငွေသောင်ယံ ရွှေတောင်ပံ မခွဲရက်အောင် နွှဲယှက်ပျော်ကာ

ထိုစဉ်ခါ ဗာရာသနင်း မင်းဗြဟ္မဒတ် ဘုရင်ရာဇာ ဖော်မပါ တကိုယ်တည်းသာ လေးတော်ထမ်းကာ မြိုင်နန်းဟေမဝါ ရောက်လို့လာတာ ကိန္နရီ ကိန္နရာ နှစ်ဖော်ကြင်ယာ ပျော်ရွှင်နေတာ မြင်လိုက်တော့ကာ မင်းဘုရင် အတင်းပင် မြိုင်နန်းသူ ကိန္ဒရီ ဒေဝီခင်ရဲ့အပေါ် မေတ္တာတော် မျှဖို့ကြံကာ သူ့လင်သက်ဝေ ချစ်သူ့ဆွေကို ဇီဝိန်ကြွေအောင် စိန်စက်မြားနဲ့ တအားပဲ ပစ်ကာ သနားမညှာ မင်းဗြဟ္မဒတ်ရာဇာ

အို ငွေမှုံကြဲ သဲသောင်ယံမှာ လောင်းမြတ် ကိန္နရာ အို မြားနဲ့ခွင်းပါလို့ ချစ်မယားမှာ သောကဖြာ စီးကျ မျက်ရည်ထွေထွေ လင်ရွှေတုံး ဂမုန်း မယ့်သက်လျာ အိုဆုံးပေါ့တခါ အသည်းအူ ပူအောင် ဖန်လို့သာ ပွေ့ယူရင်ခွင်ထဲမှာ ငိုမစဲ ရှိုက်ငင် သည်းထန်စွာ

ဤအခါတွင် ဗြဟ္မဒတ်ဘုရင်မင်း မျက်နှာချိုသွေးကာ ချစ်စကားပြောဖို့ အနားကိုကပ်ခါ ပျိုကိန္နရီ မောင်ဘုရားကို သနား မေတ္တာတော်မျှပါ မိဖုရားမြှောက်ကာ လက်ယာထားမှာ ရက်စက်စွာ ပြောသော်လည်း ချစ်လင်ကလွဲ ဖွဲဇကွဲထင်တာ ရက်စက်စွာ ပြောသော်လည်း ချစ်လင်ကလွဲ ဖွဲဇကွဲထင်တာ

အတင်း ငြင်း မချစ်နိုင်ပါ သေပေမဲ့လည်း မခွဲခွာဘူး မယ့်ချစ်ဦးသာ သစ္စာဆို တိုင်တည်ထား သိကြားမကာ အသက်ရှင်လာ ပျော်မြူးစွာ ကိန္နရီ ကိန္နရာ မောင်မယ် အချစ်ကြောင်း နှစ်ပေါင်း တထောင်ပင်ကြာ

စန္ဒကိန္နရီ မာမာအေး https://www.facebook.com/watch/?v=10153398494799151

ဒေါက်တာတင့်ဆွေ
၁၅-၇-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး